မုံရွာ ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ တိုင်းငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို တိုင်းဒေသကြီးသမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ တိုင်းငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ သဘာပတိ ဒေါ်စံစံလင်းက အသင်းသူ၊ အသင်းသားများသို့ စုဆောင်းငွေအပေါ် အကျိုးဝေစုထုတ်ပေးမှု အခြေအနေ၊ ကျန်းမာရေးထောက်ပံ့မှု၊ သင်တန်းတက်ရောက်ရာတွင် ထောက်ပံ့မှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များအပြင် အသင်းရေရှည် တည်တံ့အောင် အသင်းသူ၊ အသင်းသားများမှ အသင်းကချမှတ်ထားသော အသင်းစည်းကမ်း၊ မူဝါဒ၊ လုပ်ထုံး လုပ်နည်းများကို လေးစားစွာ လိုက်နာဆောင်ရွက်ရန်နှင့် အမှုဆောင်အဖွဲ့မှလည်း အသင်းသူ၊ အသင်းသားများ၏ အကျိုးအား တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် စာရင်းစစ်ဦးထိန်ဝင်းက ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းတို့ကို ဖတ်ကြားပြီး သဘာပတိက အသင်းသူ၊ အသင်းသားများ၏ ဆန္ဒခံယူကာ အတည်ပြုပေးခဲ့သည်။
ဆက်လက်၍ အသင်းသူ၊ အသင်းသားများမှ မေးမြန်းဆွေးနွေးခြင်း၊ အမှုဆောင်အဖွဲ့မှ ပြန်လည် ဖြေကြားခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများက စုဆောင်းငွေအပေါ် အကျိုးဝေစုငွေကျပ်(၂,၅၉၅,၀၀၀)ကို အသင်းသား(၁၈၈)ဦးအား ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်