Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ် ကျေးရွာနှစ်ရွာ၌ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကျင်းပ


12 Jun,2025

သရက်မြို့နယ် ကျေးရွာနှစ်ရွာ၌ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကျင်းပ

**********************************************************************

သရက်    ဇွန်    ၁၂

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မီးခိုးမြူငွေ့လေထု ညစ်ညမ်းမှု လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၁၁ရက် နံနက်ပိုင်းက ပေါက်ပင်ကျေးရွာနှင့် အင်းမငယ်ကျေးရွာတို့၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

          ဟောပြောပွဲတွင် သရက်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိနန္ဒာအောင်က မီးခိုးမြူငွေ့အန္တရာယ်အကြောင်းသိကောင်းစရာများ၊ မီးခိုးမြူငွေ့အန္တရာယ် ကြောင့် နောက်ဆက်တွဲ ဖြစ်ပွားလာနိုင်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို ကာကွယ်နိုင်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးလွင်က စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုအကြောင်း သိကောင်းစရာများကိုလည်းကောင်း ဆွေးနွေး ပြောကြားပြီး မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်