Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ် မုဆိုးရင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း အပိုင်း(၂)ဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး


12 Jun,2025

သရက်မြို့နယ် မုဆိုးရင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း အပိုင်း(၂)ဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး

*************************************************************************

သရက်     ဇွန်      ၁၂

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရေဖြူကျေးရွာအုပ်စု၊ မုဆိုးရင်ကျေးရွာ၌ ကျေးလက် ကုန်ထုတ်လမ်း အပိုင်း(၂) ဖောက်လုပ်နေမှုအခြေအနေများကို ဇွန် ၁၁ရက် နံနက်ပိုင်းက တာဝန်ရှိ သူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာလမ်းဖြစ်မြောက် ရေး ကော်မတီဝင်များနှင့်အတူ မုဆိုးရင်ကျေးရွာ၌ ကုန်ထုတ်လမ်းအပိုင်း(၂)အား မြေနေရာရှင်းလင်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်ကြရန်  မှာကြားသည်။

          မုဆိုးရင်ကျေးရွာ၌ လမ်းအရှည် လေးဖာလုံ၊ အကျယ်  ၁၂ပေ၊ အမြင့် ကိုးလက်မရှိ ကျေးလက်ကုန်ထုတ်လမ်း အပိုင်း(၂) မြေနီကျောက်စရစ်ခင်းခြင်း၊ အဆိုပါကုန်ထုတ်လမ်းပေါ်၌ ရေပြွန်(၅)စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၃၁သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကော်မတီစုဖွဲ့၍ ယခုနှစ် ဇွန်လ ၇ရက်က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၁၀ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ လမ်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပါက မုဆိုးရင်ကျေးရွာရှိ အိမ်ခြေ ၁၀၈အိမ်၊ လူဦးရေ ၃၇၅ဦးတို့၏ လယ်ယာမြေ များမှ ထွက်ရှိသည့် ဒေသထွက်ကုန်များ ဈေးကွက်သို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ တင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်