ကျိုင်းတုံ ဇွန် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ကျိုင်းတုံမြို့နယ်မဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေနှင်းအေးနှင့် မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌတို့က အမှာစကားပြောကြားပြီး အသင်း၏ အုပ်ချုပ်မှုဒါရိုက်တာမှ ဒါရိုက်တာ အဖွဲ့အစီရင်အခံစာနှင့် ၂၀၂၄-၂၀၂၅ ခုနှစ်ချုပ် ဘဏ္ဍာရေးရှင်းတမ်းနှင့် ရှေ့လုပ်ငန်းစဉ်များ ဖတ်ကြား တင်ပြရာ တက်ရောက်လာကြသည့် အမှုဆောင်အဖွဲ့နှင့် အသင်းသားများ၏ အတည်ပြုချက်များရယူခဲ့ပြီး အသင်းသား(၂၅၆)ဦးအား အစုပေါ်အမြတ်ငွေ/စုဆောင်းငွေပေါ်အတိုးနှင့် တက်ရောက်လာသည့် အသင်းသားများအား ပြန်လည်ချီးမြှင့်သည့်အနေနှင့် တစ်ဦးလျှင် ပဲဆီတစ်ပိဿာနှုန်းနှင့် မျက်နှာသုတ် ပုဝါစသည်တို့ကို ထုတ်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်