ဖျာပုံမြို့နယ် ရှမ်းကွင်းကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း
ဖျာပုံ၊ ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာနှစ်တွင် ကျုံတာရှမ်းကွင်းကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာကို ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဇွန် ၁၂ရက် နံနက်ပိုင်းကအဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဖျာပုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထက်အောင်က အမှာစကားပြောကြားသည်။
ဆက်လက်၍ ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ခေတ်မီစံပြကျေးရွာထူထောင်ရေး အဓိကလုပ်ငန်းစဉ်(၆)ရပ်ဖြင့် ရှမ်းကွင်းကျေးရွာ၌ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ရှမ်းကွင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ ရပ်မိ၊ရပ်ဖများ၊ ကျေးရွာသူကျေးရွာသားများက ခေတ်မီစံပြကျေးရွာအကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး ခေတ်မီစံပြကျေးရွာအကောင်အထည်ဖော်ရေးကော်မတီဝင် ကိုးဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်