ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် ငွေလုံးငွေရင်းလုပ်ငန်းများ အိတ်ဖွင့်တင်ဒါဖွင့်ပွဲကျင်းပ
ပဲခူး ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် ငွေလုံးငွေရင်းလုပ်ငန်းများ အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တင်ဒါကော်မတီဥက္ကဌဖြစ်သူ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေက အဖွင့်အမှာစကားပြောကြားပါသည်။
ထို့နောက် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ငွေလုံးငွေရင်းလုပ်ငန်းများအား အိတ်ဖွင့်တင်ဒါတင်သွင်းသူများ၏ ရှေ့မှောက်တွင် ဈေးနှုန်းအဆိုပြုလွှာ (Price Proposal)များကို ဖွင့်ဖောက်စစ်ဆေးကြပြီး အခမ်းအနားကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် ကျေးလက်ကုန်ထုတ် လမ်း၊ တံတားလုပ်ငန်းနှင့် ကျေးရွာတွင်းလမ်းလုပ်ငန်း ၂၁ ခု၊ ကျေးလက်ရေရရှိရေးလုပ်ငန်း ၁၁ ခု၊ စိုက်ပျိုးရေရရိရေးလုပ်ငန်း တစ်ခု၊ စုစုပေါင်း လုပ်ငန်း ၃၃ ခုကို အိတ်ဖွင့်တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သန်းလွင်(မကွေး)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်