မြစ်ကြီးနား ဇွန် ၁၄
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူပြီး ရာသီမရွေးသွားလာနိုင်ရန် ရည်ရွယ်၍ နန်းကွေ့-မော်ဖောင်းကျေးရွာချင်းဆက်လမ်းပေါ်ရှိ နန်းကွေ့ချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက် ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော် စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) - ဦးမောင်မောင်မိုးဝင်း၊ မြစ်ကြီးနားမြို့နယ် ဦးစီးမှူးဒေါ်ဆုမွန်အောင်နှင့် တာဝန်ရှိသူများသည် နန်းကွေ့ကျေးရွာအုပ်စုနှင့် မော်ဖောင်းကျေးရွာအုပ်စုကိုဆက်သွယ်ထားသော အရှည် ၃၂၄ ပေ၊ အကျယ် ပေ ၂၀ ရှိ နန်းကွေ့ချောင်းကူးတံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နန်းကွေ့ချောင်းကူးတံတား ချဉ်းကပ်လမ်းကွန်ကရစ်ခင်းမည့် မြေပြင်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာချဉ်းကပ်လမ်းအား သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
မြစ်ကြီးနားမြို့နယ်အတွင်းရှိ အဆိုပါ နန်းကွေ့ချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်နယ်ခွင့်ပြုရန်ပုံငွေများကို အသုံးပြုကာ တံတားတည်ဆောက်ရေး(ရုံးချုပ်)မှ တာဝန်ယူ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
မောင်ခိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်