Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကံမမြို့နယ်၌ တန်ဖိုးမြှင့်စား‌သောက်ကုန်ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲကျင်းပ


17 Jun,2025

ကံမမြို့နယ်၌ တန်ဖိုးမြှင့်စား‌သောက်ကုန်ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲကျင်းပ

*******************************

ကံမ         ဇွန်          ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု တန်ဖိုးမြှင့်စား‌သောက်ကုန်ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲကို ဇွန်လ ၁၆ ရက်နေ့ က အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြင့်ရွှေက အဖွင့်အမှာစကားပြောကြားပြီး ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာမက သင်တန်းတွင် သင်ကြားမည့် တန်ဖိုးမြှင့်စား‌သောက်ကုန် ထုတ်လုပ်နည်းဆိုင်ရာ ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ဇွန်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ထိ ၅ ရက်ကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး ကံမမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ယူသွားမည်ဖြစ်ကြောင်း ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်