အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲကျင်းပ
ပဲခူး ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်နှင့် မိသားစုဝင်များတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သောအသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးသန်းလွင်က သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချသော ဘာသာရပ်များကို စနစ်တကျလေ့လာသင်ယူကြရန်နှင့် သင်တန်းပြီးဆုံးပါက လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချကြစေလိုကြောင်း၊ ကိုယ်တိုင်တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုပါက အရင်းအနှီးများရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးသန်းလွင် သင်ထောက်ကူပစ္စည်းများပေးအပ်ကာ တက်ရောက်လာကြသည့် သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ကြပါသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းရံသင်တန်းကို ပဲခူးမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား(၂၀)ဦးကို ကျွမ်းကျင်နည်းပြနှစ်ဦးက ပန်းရံပြုလုပ်နည်းများကို ယခုလ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၁၅ ရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပို့ပေးသွားမည်ကြောင်း ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်