ရေနံချောင်းမြို့နယ် သဖန်းချောင်းကျေးရွာ၌အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဖွင့်လှစ်
******************************************************************************
ရေနံချောင်း ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ဘဲဆိပ်ကျေးရွာအုပ်စု၊သဖန်းချောင်းကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဖွင့်ပွဲကို ဇွန် ၁၆ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ကျင်းပပြုလုပ်သည်။ရှေးဦးစွာ ချောက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းငြိမ်းဝင်းက အမှာစကားပြောကြားသည်။ဆက်လက်၍ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ် ဦးစီးမှူး ဦးအေးထွန်းမင်းက အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများကို သင်တန်းသား၊သင်တန်းသူများထံ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာမှ သင်တန်းသား၊သင်တန်းသူ ၂၀ဦးတက်ရောက်ပြီး အဝတ်လျှော်ဆပ်ပြာ၊ သဘာဝရေးချိုးဆပ်ပြာ၊ခေါင်းလျှော်ရည်၊ ဘက်စုံးသုံးဆပ်ပြာဆီ၊ ပန်းကန်ဆေးဆပ်ပြာ၊ လက်သန့်ဆေးရည်၊ဆပ်ပြာခဲအမျိုးမျိုးနှင့် အိမ် အတွက်အသုံးဝင်သည့် ကုန်ပစ္စည်းပြုလုပ်နည်းများသင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်း ကာလမှာ ဇွန် ၁၆ရက်မှ
၂၀ရက်နေ့အထိဖြစ်ကြောင်း သိရသည်။
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်