Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမရပူရမြို့နယ်၌ အထွက်တိုးစပါးမျိုးစေ့နှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲကျင်းပ


17 Jun,2025

အမရပူရ ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းများမှ အသင်းသားတောင်သူများအတွက် မြို့နယ်သမဝါယမအသင်းစုပံ့ပိုးငွေဖြင့် အထွက်တိုးစပါး မျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဂျိုကျေးရွာ   စိုက်ပျိူးရေးနှင့် အထွေ ထွေသမဝါယမအသင်းဥက္ကဋ္ဌနေအိမ်တွင် ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးဝင်းအောင်၊ အမရပူရမြို့နယ်ဆည်မြောင်းနှင့်ရေသုံးချမှုစီမံ ခန့်ခွဲရေး ဦးစီးဌာနဦးစီးအရာရှိဦးမျိုးဇော်ဝင်း၊  စိုက်ပျိုးရေးဦးစီးဌာဒုတိယဦးစီးမှူး ဒေါ်သီတာအေး၊ မြို့နယ်သမဝါယမဦးစီးဌာန၊ဦးစီးအရာရှိဦးမောင်မောင်လေးနှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသိန်းမြင့်တို့က အသင်းသားတောင်သူ ၅၄ ဦးတို့၏ စိုက်ဧက ၃၄၆ ဧကအတွက်  အထွက်တိုး စပါးမျိုးစေ့အိတ်များ တောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

စိုးသီဟ

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်