Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲကျင်းပ


18 Jun,2025

သရက်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲကျင်းပ

**************************************************************************

သရက်    ဇွန်    ၁၈

        မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲအခမ်းအနားကို  ဇွန် ၁၇ရက် နံနက်ပိုင်းက သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ  သရက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်နှင်းနှင်းအေးက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ခန်းစာများကို လက်တွေ့အသုံးချပြီး တစ်ဖက် တစ်လမ်းမှ မိသားစုဝင်ငွေရရှိနိုင်သည်အထိ ဆောင်ရွက်ကြရန် မှာကြားကာ သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

          ထို့နောက် သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းက ဆုရရှိသည့် သင်တန်းသားများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

        အဆိုပါ သင်တန်းဆင်းပွဲသို့ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် သရက်မြို့နယ်အတွင်းရှိ ကျေးရွာ၁၀ရွာမှ သင်တန်းသား ဦးရေ ၂၀ တက်ရောက်ကြကာ သင်တန်းကာလမှာ ဇွန် ၃ရက်မှ ၁၇ရက်နေ့ထိ ၁၅ရက်ကြာ စာတွေ့ လက်တွေ့သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

ဆက်လူ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်