Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းသားတောင်သူများအား မိုးစပါးစိုက်ပျိုးခြင်းဆိုင်ရာ အသိပညာပေး


18 Jun,2025

မိုးနဲ ဇွန်  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်တွင် သမဝါယမအသင်းသားတောင်သူများအား မိုးစပါးစိုက်ပျိုးခြင်းဆိုင်ရာ အသိပညာပေး‌ ဟောပြောပွဲအခမ်းအနားကို  အဆိုပါမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မိုးနဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူးနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများ မိုးနဲမြို့နယ်ရှိ သမဝါယမအသင်းသားတောင်သူများ တက်ရောက်ကြသည်။ အဆိုပါ အခမ်းအနားတွင် မိုးစပါး စိုက်ပျိုးခြင်းဆိုင်ရာသိသင့်သည့် အကြောင်းအရာများအား သက်ဆိုင်ရာတာဝန်ရှိသူများက အသိ ပညာပေးရှင်းလင်းဟောပြောပြီး တက်ရောက်လာသော သမဝါယမအသင်းသားတောင်သူများ၏   သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်