Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျွန်းစုမြို့နယ်၌ လယ်ဧက ၄၃၀ အတွက် မျိုးစပါး/သွင်းအားစုပေးအပ်ပွဲကျင်းပ


17 Jun,2025

ကျွန်းစု ဇွန်၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်) သမဝါယမကဏ္ဍမှ  မြို့နယ်အတွင်းရှိ လယ်ဧက ၄၃၀ အတွက် သွင်းအားစု ပံ့ပိုးငွေကျပ် သိန်း ၈၆၀ နှင့် ညီမျှသောမျိုးစပါး/သွင်းအားစုပေးအပ်ပွဲကို မြို့နယ်သမဝါယမဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမ ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်စိမ့်ထွန်းက ကျွန်းစုမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက ၄၃၀ အား ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးအကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးနှင့် မိုးစပါးတောင်သူများအား မျိုးစပါး/သွင်းအားစုများ ပေးအပ်ခြင်းတို့ကို ရှင်းလင်းပြောကြား သည်။

ထိုနောက် ကျွန်းစုမြို့နယ်အတွင်း ပဲယာကျေးရွာ၊ သမာဓိ(လယ်ယာနှင့်အထွေထွေ) သမဝါယမ အသင်းမှ အသင်းသားတောင်သူ ၈၁ ဦး၊ စိုက်ပျိုးဧက ၄၃၀ အတွက် ပံ့ပိုးငွေကျပ် သိန်း ၈၆၀ နှင့်ညီမျှ သော မျိုးစပါး/သွင်းအားစုများအား ကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

ထက်မြင့် (ကျွန်းစု)

တနင်္သာရီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်