Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်လေးပင်မြို့နယ်၌ သမဝါယမအသင်းသားတောင်သူများအား ပညာပေးဆွေးနွေးပွဲပြုလုပ်


20 Jun,2025

ညောင်လေးပင် ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ သမဝါယမအသင်းသားတောင်သူများအား ပညာပေးဆွေးနွေးပွဲ ကို ရဲနွယ်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းရုံး၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက ရဲနွယ်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းပိုင်လယ် ၄၄၉ ဧက၏ မိုးစပါးစိုက်ခင်းများတွင် ခရုနှင့်ပိုးမွှားရောဂါများ ဖျက်ဆီးမှုမရှိစေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သတ်၍ အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူးက ခရုနှင့် ပိုးမွှားရောဂါများဖျက်ဆီးမှုမှ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများနှင့် လိုက်နာ ဆောင်ရွက်ရမည့်အချက်များအား သမဝါယမအသင်းသားတောင်သူများ လိုက်နာဆောင်ရွက်ရန် အသိပညာပေးဟောပြောခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်