Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေတြိဂံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ


20 Jun,2025

ကျိုင်းတုံ ဇွန် ၂၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် “ရွှေတြိဂံ”ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်စစ်မှုထမ်း ဟောင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ သဘာပတိက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက အသင်းသားများအား ငွေစုငွေချေးလုပ်ငန်းပိုင်းဆိုင်ရာကိစ္စများနှင့် သက်ဆိုင်သည့်   သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် အသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားရှင်းလင်းပြီး ရှေ့လုပ်ငန်းစဉ်များအား ချမှတ်ခြင်းနှင့် အတည်ပြုချက်များ ရယူဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပြီး အသင်းသား (၄၅၇)ဦး အတွက် အစုပေါ်အမြတ်ငွေကျပ်(၃၁.၁၆၁)သိန်း၊ စုဆောင်းငွေပေါ် အတိုးငွေကျပ်(၁၃၂.၆၂၅)သိန်းနှင့် အသင်းသား ထောက်ပံ့ငွေကျပ်(၆၇.၁၀)သိန်း အား အသင်းသားကိုယ်စားလှယ်များသို့ ထုတ်ပေး ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်