Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းကိုင်မြို့နယ်၌ အစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ


24 Jun,2025

မိုင်းကိုင် ဇွန် ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အတွက် အစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုင်းကိုင်မြို့နယ်၊ အစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက် ၏ဥက္ကဋ္ဌ ဒေါ်နန်းလှိုင်လှိုင်ဦး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သွယ်သွယ်အောင်တို့ က အမှာစကားပြောကြားပြီးနောက် အစည်းအဝေးတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့မှု  လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ၊ အသင်း၏ စာရင်းစစ်ဆေးတွေ့ရှိချက်အပေါ် အမှုဆောင်အဖွဲ့၏အရေးယူဆောင်ရွက်ချက်များ၊ နှစ်ချုပ်ဘဏ္ဍာ ရေးရှင်းတမ်းနှင့်အမြတ်ခွဲဝေမှုစာရင်းများကို အမှုဆောင်အဖွဲ့ဝင်များက  ဖတ်ကြားတင်ပြခြင်း၊ တက်ရောက်လာကြသည့် အသင်းသားအသင်းသူများက အကြံပြုချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မိုင်းကိုင်မြို့နယ်၊ အစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမီတက်၌ အသင်း ဝင်ဦးရေ စုစုပေါင်း(၁၇၂)ဦးရှိသည့်အနက် ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာနှစ်၌ အသင်းသားများသို့ ချေးငွေ ပေါင်း(၅၇,၂၁၇,၁၆၂/-)ကျပ် ထုတ်ချေးပေးနိုင်ခဲ့ပြီး အစုပေါ်အမြတ်၊ စုဆောင်းငွေပေါ်အတိုးများ ကိုခြောက်လတစ်ကြိမ် ပြန်လည်ထုတ်ပေးလျက်ရှိရာ ဒုတိယခြောက်လအတွက် အသင်းသားများ ထံသို့ စုစုပေါင်း ငွေကျပ်(၂,၈၁၃,၂၀၂/-)ကို ပြန်လည်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ချော(မိုင်းကိုင်)

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်