ပြင်ဦးလွင် ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ တာဝန်ယူဆောင်လျက်ရှိသော သပြေရေ-အင်ယား ကျေးရွာချင်းဆက်လမ်း၏ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ပြင်ဦးလွင်မြို့နယ် တာဝန်ခံနှင့်အဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါလမ်းကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းအားဖြင့် အကျိုးပြုကျေးရွာ နှစ်ရွာ၊ အိမ်ခြေ ၅၃၁ အိမ်၊ လူဦးရေး ၂၄၅၄ ဦး၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကျေးလက်ထုတ်ကုန်များ အပြန်အလှန် ရောင်းဝယ်ဖောက်ကားရေးတို့ကိုများစွာ အကျိုးပြုမည်ဖြစ် ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
သွေးသွေး(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်