Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျုံပျော်မြို့နယ်၌ ပြည်ထောင်စုလူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းသွင်းအားစု ပေးအပ်ပွဲကျင်းပ


25 Jun,2025

ကျုံပျော် ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ သမဝါယမအသင်းသား တောင်သူများထံသို့ ပြည်ထောင်စုလူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းမှ သွင်းအားစုထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မိုးကြိုးပစ်ကျေးရွာစာကြည့်တိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် သမဝါယမဦးစီးဌာန နေပြည်တော် ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် ဧရာဝတီတိုင်းဒေသကြီးတိုင်း ဦးစီးမှူး ဦးကျော်စိုးမင်းတို့က အသင်းသား(၃၀)ဦး၊ စိုက်ဧက(၉၀)တို့အတွက် သွင်းအားစုနှင့် ထွန်ယက်ခထောက်ပံ့ငွေ ကျပ်သိန်း (၁၈၀)အား အသင်းသားကိုယ်စားလှယ်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေး၊ ဧရာဝတီတိုင်းဒေသကြီးတိုင်းဦးစီးမှူး ဦးကျော်စိုးမင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု အသင်းသားတောင်သူ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်