မိုင်းရှူး ဇွန် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် မြို့မစျေးငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို အမှတ်(၂) ရပ်ကွက်၊ သမဝါယမအသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် စျေးသမဥက္ကဋ္ဌ ဦးဝင်းဇော်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး သဘာပတိကအသင်း၏ လုပ်ငန်းစဉ်များဆိုင်ရာ မိန့်ခွန်းပြောကြားသည်။ ဆက်လက်၍ မြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ဝတ်ရည်နှင်းနှင့် အသင်းစုဥက္ကဋ္ဌ ဦးအောင်မြင့်တို့က အမှာ စကားပြောကြားသည်။
ထို့နောက် မြို့မစျေးသမအသင်းအုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်ဝင်းက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာ ရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများဖတ်ကြားရာ သဘာပတိ ကအဆိုပါရှင်းတမ်းအား အတည်ပြုခဲ့သည်။ ယင်းနောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေ (၆၈၈၅)သိန်းကျပ်ရှိပြီး စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ်ငွေကို တာဝန်ရှိသူ များက အသင်းသား (၂၇၄)ဦးထံ ပေးအပ်သည်။
အဆိုပါအခမ်းအနားတွင် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းသား၊ အသင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်