Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနည်းလမ်းဖြင့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကိုတည်ဆောက်ကြပါစို့


04 Jul,2025

၁၈၄၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ ရော့ခ်ဒေးမြို့ Toad Lane လမ်းတွင် ရက်ကန်းသမား (၂၈)ဦးတို့မှ ရော့ခ်ဒေးသမဝါယမကုန်စုံဆိုင် ဖွင့်လှစ်အောင်မြင်ခဲ့ခြင်းမှအစပြု၍ သန္ဓေတည် ခဲ့သည့် ကမ္ဘာ့သမဝါယမလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်မှာ ယခုဆိုလျှင် (၁၈၁)နှစ်တိုင်ခဲ့ပြီး ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် Internationl Cooperatives Alliance (ICA)ကို ၁၈၉၅ ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့မှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ စတင်ဖွဲ့စည်း ခဲ့ပြီး ယခုအချိန်တွင် အဖွဲ့ဝင်နိုင်ငံပေါင်း(၁၀၅)နိုင်ငံမှ သမဝါယမအသင်းစုချုပ်ပေါင်း(၃၀၆)သင်း ကျော်၊ သမဝါယမအသင်းပေါင်း(၃)သန်းကျော်၊ သမဝါယမအသင်းသားပေါင်း(၁)ဘီလီယံကျော် ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။  

မြန်မာနိုင်ငံရှိသမဝါယမလုပ်ငန်းများကိုလည်း ၁၉၀၄ ခုနှစ် နှောင်းပိုင်းနှင့် ၁၉၀၅ ခုနှစ် နှစ်ဆန်းပိုင်းတို့မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ခေတ်အဆက်ဆက် သမဝါယမအသင်းများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် သမဝါယမဦးစီးဌာန ၊ ဝန်ကြီးဌာနဖွဲ့စည်း ထူထောင်ပြီး လမ်းညွှန်ကြီးကြပ်မှုများဖြင့်ဆောင်ရွက်ခဲ့ရာ (၁၇-၆-၂၀၂၁)ရက်နေ့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဝန်ကြီးဌာနအသစ်အဖြစ် ပြန်လည်ဖွဲ့စည်း တည်ထောင်ခဲ့ပြီးခေတ်နှင့်အညီ မူဝါဒအသစ်များဖြင့် သမဝါယမလုပ်ငန်းများရှင်သန်ဖွံ့ဖြိုးလာ စေရေး ပန်းတိုင်ဆီသို့ လျှောက်လှမ်းလာခဲ့ရာ (၄)နှစ်တာခရီး ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

သမဝါယမဦးစီးဌာနမှ ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက် အကျိုးရှိမည့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ Action Plan (၉)ရပ် ချမှတ်၍ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် သမဝါယမအသင်းများ ဖွဲ့စည်းခြင်း(Organizing)၊ စည်းရုံးပညာ ပေးခြင်း(Educating)၊ တည့်မတ်ပြုပြင်ပေးခြင်း(Regulating)တို့ကို သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ သမဝါယမအသင်းများ ဖောင်းပွမှု မရှိဘဲ ကျစ်လစ်ခိုင်မာစေရေးအတွက် အလုပ်မလုပ်သော/စာရင်းရှင်းလင်းဖျက် သိမ်းသင့်သည့် သမဝါယမအသင်း(၁၄၂၂)သင်းအား စာရင်းရှင်းလင်းဖျက်သိမ်းခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် ဖွဲ့စည်းခဲ့ပြီးသော အသင်းဟောင်းများထဲမှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း အမှန်တကယ်လုပ်ကိုင်လိုသူများအား စည်းရုံးကာ အသင်း သစ်(၇၆၉)သင်း ဖွဲ့စည်းမှတ်ပုံတင်ပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကဏ္ဍအလိုက် ထုတ်လုပ်မှု သမဝါယမအသင်း (၃၁၉၈၄)သင်း၊ ဝန်ဆောင်မှုသမဝါယမအသင်း(၃၅၄၇)သင်းနှင့် ကုန်သွယ်မှု သမဝါယမအသင်း (၃၁၅၂)သင်းကို ဖွဲ့စည်းဆောင်ရွက်ထားရှိပါသည်။

စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း (၁၈၈၀၄)သင်းမှ အသင်းသား (၉၆၇၅၆၅)ဦး အတွက် နိုင်ငံတော်ဘတ်ဂျက် ခွင့်ပြုငွေကျပ် (၃၉၁၄.၄၅၇)သန်း အပါအဝင် သမဝါယမအသင်းပိုင် ငွေကျပ် (၁၁၄၄၂၃.၂၉၄)သန်းဖြင့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ဝါနှင့် ဟင်းသီးဟင်းရွက် စိုက်ဧကပေါင်း (၂၄.၄)သိန်း ဧကကို စိုက်ပျိုးနိုင်ခဲ့ပါသည်။

မျိုးစေ့ထုတ်သမဝါယမအသင်း(၃၄)သင်း၏ မျိုးစေ့ထုတ်ဧက (၁၇၀၉)မှ မျိုးစပါး၊ မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ၊ နေကြာစသည့် သီးနှံမျိုးစေ့များထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း (၂၂၆)သင်းမှ အသင်းသားတောင်သူ (၆၂၈၇)ဦးသို့ နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြုငွေကျပ်(၂၉၃.၂၆၁)သန်းအပါအဝင် စုစုပေါင်းငွေကျပ်(၈၀၂၃.၇၇၅) သန်း တန်ဖိုးရှိသော မျိုးကောင်း မျိုးသန့်များနှင့် သဘာဝမြေသြဇာ (၈၆၄၉)အိတ်၊ ဓာတ်မြေဩဇာ (ပုလဲ၊ ကွန်ပေါင်း) (၆၅၇၅၀)အိတ်၊ ပိုးသတ်ဆေး (၃၃၃၉၃) ပုလင်းစသည့် စိုက်ပျိုးရေးသွင်းအားစု များကို သီးနှံပေါ်ပေးစနစ်ဖြင့် ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

သမဝါယမအသင်း(၁၇၆)သင်းမှ  အသင်းပိုင်လယ်မြေ(၁၄၂၄၀.၅၂)ဧက၊ ယာမြေ (၇၇၂.၃၇)ဧကရှိပြီး အဆိုပါအသင်းပိုင်လယ်ယာမြေများတွင် သမဝါယမစနစ်ဖြင့် BOD အဖွဲ့မှ ဦးဆောင်၍ စုပေါင်းဝယ်ယူ၊ စုပေါင်းဆောင်ရွက်၊ စုပေါင်းရောင်းချခြင်းစနစ်ဖြင့် ဆောင်ရွက်ပြီး သီးနှံရာသီအလိုက် အကျိုးအမြတ်ခွဲဝေပေးနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။

သမဝါယမအသင်း၊ အသင်းသားပိုင် စက်ကိရိယာများဖြင့်လည်းကောင်း၊ ပြည် ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီး/ ပြည်နယ်ဘတ်ဂျက်မှ ပံ့ပိုးသည့် စက်ကိရိယာများဖြင့် လည်းကောင်း လယ်ယာအထောက်အကူပြုဝန်ဆောင်မှုသမဝါယမအသင်း (၄၉)သင်း၊ လုပ်ငန်းခွဲ (၁၁၃)သင်း၊ စုစုပေါင်း(၁၆၂)သင်းတို့မှ ထွန်ယက်ပြုပြင်ခြင်းနှင့် စပါးရိတ်သိမ်းခြွေလှေ့ခြင်းတို့ အား ထွန်စက်ကြီး (၅၅၉)စီး၊ ရိတ်သိမ်းခြွေလှေ့စက် (၁၁၈)စီးနှင့် အခြားစက်ကိရိယာ (၈၉)စီး၊ စုစုပေါင်း (၇၆၆)စီးဖြင့် ထွန်ယက်ဧက (၄၃၆၂၆၁)ဧက၊ ရိတ်ခြွေဧက (၆၈၇၁၁)ဧက တို့ကို ဆောင်ရွက်ပေးခဲ့ပြီး လယ်ယာအထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းများကို ရာသီချိန်အလိုက် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

မျိုးစေ့ထုတ်ကုမ္ပဏီများ၊ သွင်းအားစုကုမ္ပဏီများ၊ လယ်ယာသုံးစက်ကိရိယာ ရောင်းချသည့် ကုမ္ပဏီများနှင့်ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် မျိုး၊ မြေဩဇာသွင်းအားစု၊ အစေ့ ချစက်(Seeder)များနှင့် လက်စွဲကောက်စိုက်စက်ပေးအပ်ခြင်း၊ သမဝါယမလယ်ယာဝန်ဆောင်မှု အသင်းများနှင့် ချိတ်ဆက်ထွန်ယက်ခြင်း အခမ်းအနားများကို နေပြည်တော် လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်၊ ပဲခူးမြို့နယ်၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး တောင်သူလယ်သမားများအား လယ်ယာသုံးစက် ကိရိယာများဝယ်ယူနိုင်ရေး အတွက် ကုမ္ပဏီအစီအစဉ်ဖြင့် အရစ်ကျစနစ်ဖြင့်လည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၏ Two–Step Loan ချေးငွေဖြင့်လည်းကောင်း ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

နွေစပါးစီမံကိန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် စိုက်/မွေး/ဆည်နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ၊ တိုင်းဒေသကြီး/ ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ တိုင်းဒေသကြီး/ ပြည်နယ်ဘတ်ဂျက်၊ အသင်းပိုင်ငွေကျပ် (၁၆၂၃၈.၁၂၉)သန်းတို့ဖြင့် သမဝါယမအသင်း(၃၇၀) သင်း၊ အသင်းသားတောင်သူ (၁၃၃၆၆)ဦး၏ နွေစပါးစိုက်ဧက (၈၀၆၉၅)ဧကအတွက် တစ်ဧက လျှင် ကျပ်(၂)သိန်းနှုန်းဖြင့် မျိုး၊ သွင်းအားစုများကို ထောက်ပံ့ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ လက်ရှိကာလအထိ  (၁)ဧက ပျှမ်းမျှ (၁၁၇)တင်းနှုန်း ထွက်ရှိပြီဖြစ်ပါသည်။

မိုးစပါးစီမံကိန်းအား သမဝါယမကဏ္ဍမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စတင် ဆောင်ရွက်ခဲ့ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် ကျပ် (၅၇၈၉၀.၈၆၂) သန်းဖြင့် သမဝါယမအသင်း(၁၀၅၀)သင်း၊ အသင်းသားတောင်သူ(၃၀၄၄၁)ဦး၏ မိုးစပါးစိုက် ဧက (၁၆၁၆၃၇)ဧကအတွက် တစ်ဧကလျှင် ငွေကျပ်(၂)သိန်းနှုန်းဖြင့် မျိုး၊ သွင်းအားစုများကို ထောက်ပံ့ဆောင်ရွက်ပေးနိုင်ခဲ့ရာ (၁)ဧကလျှင်   ပျှမ်းမျှ (၈၄)တင်းနှုန်းဖြင့် ထွက်ရှိပြီး ယခင် စီမံကိန်း မစတင်ခင်နှစ်နှင့် နှိုင်းယှဉ်ပါက(၁၈)တင်း ပိုမိုထွက်ရှိခဲ့ပါသည်။

လက်ရှိတွင်လည်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးစီမံကိန်းတွင် စိုက်/မွေး/ဆည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှလည်းကောင်း၊  တိုင်းဒေသကြီး/ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှလည်းကောင်း၊ ပြည်ထောင်စု/တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ(သက်တံရောင်စီမံကိန်း) မှလည်းကောင်း  မိုးစပါးစိုက်ပျိုးမည့် စိုက်ဧက(၁၅၂၅၆၈)ဧကအတွက် (၁)ဧကလျှင် ငွေကျပ်(၂.၅ - ၃.၀) သိန်းနှုန်းနှင့် ညီမျှသော ပံ့ပိုးငွေများရယူ၍ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်  အထွက်တိုး မျိုးကောင်း မျိုးသန့်နှင့် သွင်းအားစုများ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။

ဝါအထွက်နှုန်းများ တိုးတက်စေရေးနှင့် ဝါကုန်ကြမ်းများမှ အဆင့်မီသည့် ချည်ထည် များ ထုတ်လုပ်နိုင်ရေးအတွက် ဝါသီးနှံစိုက်ပျိုးရေးထုတ်လုပ်မှု ညှိနှိုင်းအစည်းအ‌ဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်အရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် သမဝါယမ ကဏ္ဍမှ ဝါစိုက်ပျိုးထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တောင်သူများအား သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာ များအလိုက် ရွေးချယ်စည်းရုံး၍ သမဝါယမအသင်းများဖွဲ့စည်းပြီး စုစုပေါင်းဧက(၉၆၀၀၀) စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ရာ တစ်ဧကလျှင် နှစ်သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ သွင်းအားစု များအား ထောက်ပံ့ပေးခဲ့ပါသည်။  မိုးကြိုဝါ စီမံကိန်းတွင် (၁)ဧက ပျှမ်းမျှ (၅၅၃)ပိဿာနှုန်း ထွက်ရှိပြီး ယခင်နှစ်ထက်(၁၁၇)ပိဿာ၊  မိုးဝါစီမံကိန်းတွင် (၁)ဧက ပျှမ်းမျှ (၄၇၆)ပိဿာနှုန်း ထွက်ရှိပြီး ယခင်နှစ်ထက်(၈၂)ပိဿာ၊  မိုးနှောင်း ဝါစီမံကိန်းများချမှတ်၍ သွင်းအားစုမြေဩဇာ များကို ထောက်ပံ့ပေးအပ်ရာ (၁)ဧက ပျှမ်းမျှ(၅၆၂) ပိဿာနှုန်းထွက်ရှိပြီး ယခင်နှစ်ထက် ပျမ်းမျှ (၉၈)ပိဿာ ပိုမိုထွက်ရှိခဲ့ပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဝါစိုက်ပျိုးရေးစီမံကိန်းတွင်လည်း လျာထား(၉၀၀၀၀)ဧကကို အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ပါသည်။ ဝါစိုက်တောင်သူ များအတွက် ဝါအထွက်တိုးစေရန် စပ်မျိုးဝါ၊ အထွက်တိုး ဝါများဖြစ်သည့် RAKKA 666၊ RAKKA – 666 (Bt)၊ KTK မျိုးနှင့်  B-31 မျိုးများကိုသာ စိုက်ပျိုး သွားစေမည်ဖြစ်ပြီး  မျိုးစေ့ထုတ်ကုမ္ပဏီ များနှင့် ချိတ်ဆက်၍ ဝါမျိုးစေ့များ စိုက်ပျိုးချိန်မတိုင်မီ တောင်သူများလက်ဝယ်ရောက်ရှိအောင် ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိပါသည်။

 ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် ဆောင်းဆီထွက်သီးနှံ(နေကြာ) အထွက်နှုန်းတိုးမြှင့်ရေး အတွက် ဆီထွက်သီးနှံဇုန်တွင်ပါဝင်သည့် နေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရှမ်းနှင့် ဧရာဝတီ တို့တွင် မြို့နယ်(၉၀)မြို့နယ်၊ အသင်းသား(၄၀၆၈၅)ဦး၏ နေကြာစိုက်ဧက(၉၅၂၉၅)ဧကဖြင့် သမဝါယမအသင်း(၁၂၁၄)သင်း ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပါသည်။

မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသော သမဝါယမအသင်း(၂၅၂၀)သင်းမှ အသင်းသား(၁၄၄၇၁၆)ဦးအား နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြုငွေကျပ်(၁၇၇.၅၀)သန်း အပါအဝင် သမဝါယမအသင်းပိုင် ငွေကျပ်(၁၂၄၅၅.၀၇၆)သန်းတန်ဖိုးရှိသောမျိုးသားပေါက်နှင့် တိရစ္ဆာန် အစား အစာများကိုပံ့ပိုးပေး၍ ကြက်ကောင်ရေ(၈၀၀၅၂)ကောင်၊ ဝက်ကောင်ရေ(၉၂၀၉၆) ကောင်၊ ဆိတ်ကောင်ရေ(၂၉၅၆)ကောင်၊ နွားကောင်ရေ(၁၅၈၃၄)ကောင်၊ နွားနောက်(၁၀၀) ကောင်၊ ဘဲကောင်ရေ(၈၂၈)ကောင်၊ အသင်းပိုင်/ အသင်းသားပိုင် ငါးမွေးကန် (၇၇၇)ကန်၊ အကျယ်အဝန်း (၂၀၆၇၈)ဧကမှ ငါးကောင်ရေ (၁၉)သိန်းကျော်ကို မွေးမြူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

သမဝါယမအသင်းပိုင်ဆန်စက်များ တည်ဆောက်နိုင်မှုအနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၊ တော်ဝင်မိုင်းယောင်းအထွေထွေရောင်းဝယ်ရေး သမဝါယမ အသင်းလီမိတက်ပိုင် တန်(၃၀)ဆန်စက်၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရွှေဇေယျာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းပိုင်ရွှေဇေယျာဆန်စက်၊ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင် မြို့နယ် သမဝါယမအသင်းပိုင် ပုလဲအမှတ်(၈) တစ်ရက်တန် ၂၀ ကျ အဆင့်မြင့်ဆန်စက်၊ မွန် ပြည်နယ် မော်လမြိုင်မြို့နယ် ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းပိုင် တစ်ရက်တန် ၆၀ကျ ရွှေမြိုင်အဆင့်မြင့်ဆန်စက်ကို တည်ဆောက်ခဲ့ပြီး  စက်စွမ်းအား ပြည့်လည်ပတ် ဆောင်ရွက်လျက်ရှိကြပါသည်။ ၂၀၂၅ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Agri Sun Co.,Ltd တို့ အကျိုးတူပူးပေါင်း၍ Royal Ruby Flower Company Limited အမည်ဖြင့် တည်ဆောက်လျက်ရှိသည့် ဆန်စက်၊ အမရပူရမြို့နယ် သမဝါယမအသင်းစုနှင့် အောင်နိုင်သစ္စာ ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ အမရသစ္စာကုမ္ပဏီ လီမိတက်အမည်ဖြင့် တည်ဆောက်လျက် ဆန်စက်လုပ်ငန်း များကိုလည်း ဆောင်ရွက်လျက်ရှိ ပါသည်။ နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊ ရှမ်းပြည်နယ် တောင်ကြီး မြို့နယ်၊ ရပ်စောက်မြို့နယ်၊ ပင်လောင်းမြို့နယ် နောင်တရား အာလူးစိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းတို့မှ ဆောင်ရွက်သည့် သဘာဝမြေသြဇာစက်ရုံ စုစုပေါင်း (၇)ရုံ တည်ထောင်ဆောင်ရွက်နိုင်ခဲ့ပြီး မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်လုပ်မှုနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းတွင်လည်း နှမ်းရိုးမှ သဘာဝမြေသြဇာ ထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့ပါသည်။

 ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်ဘတ်ဂျက်မှ ခွင့်ပြုငွေဖြင့် နေပြည်တော်နယ်မြေတွင် စပါးမျိုးစေ့ချစက်(၇၇)စီး ပံ့ပိုးမှုအပါအဝင် ပဲခူး၊မွန်၊ မန္တလေးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း  တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှလည်းကောင်း၊ အသင်းအချင်းချင်း အစီအစဉ်ဖြင့်လည်းကောင်း မျိုးစေ့ချစက်(၄၁၃)ခု၊ လက်စွဲကောက်စိုက်စက် (၅၁)ခုတို့အား ပံ့ပိုးပြီးဖြစ်ပါသည်။

နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်မှုအရ ဆီထွက်သီးနှံမှတစ်ဆင့် စားသုံးဆီ ဖူလုံ ရေးနှင့်ပြည်ပမှ စားသုံးဆီတင်သွင်းမှုကိုလျှော့ချပြီး ပြည်တွင်းမှထွက်ရှိသော ပဲဆီ၊ နှမ်းဆီတို့ဖြင့် အစားထိုးဆောင်ရွက်နိုင်စေရေး ရည်ရွယ်၍ တိုင်းဒေသကြီး/ ပြည်နယ်(၇)ခုရှိ မြို့နယ်(၁၃) မြို့နယ်တို့တွင် နိုင်ငံတော်၏ပံ့ပိုးကူညီမှုအပါအဝင် အသင်းပိုင်ဆီစက်(၁၅)လုံး တည်ထောင်ပေး ၍ သမဝါယမကဏ္ဍမှ ဆီစက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်၊ စမ်းဝတီမွေးမြူရေးနှင့် သဘာဝ မြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်းနှင့်  ရွှေကမ္ဘာငွေစုငွေချေးသမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေသော မန္တလေးနို့ချက်စက်ရုံအား (၁၄-၁၂-၂၀၂၂)ရက်နေ့တွင် ဖွင့်လှစ်နိုင် ခဲ့ပြီး (၁)ရက်လျှင် နို့ဆီဘူး(၁၀၀၀၀)ထုတ်လုပ်လျက်ရှိပြီး (၂၀၂၄-၂၀၂၅)ဘဏ္ဍာနှစ် အတွင်း နို့ဆီဘူး(၇၇၄၃၂၃)ဘူး၊ တန်ဖိုးငွေကျပ်(၂၅၈.၄၃)သိန်းအား ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးပေး နိုင်ခဲ့ပါသည်။

ဒေသတစ်ခုထုတ်ကုန်တစ်ခု(OROP)လုပ်ငန်းများဖွံ့ဖြိုးတိုးတက်နိုင်ရန် အရည် အသွေးပြည့်မီသော တန်ဖိုးမြှင့်ထုတ်ကုန်များအား တိုးမြှင့်ထုတ်လုပ်နိုင်ပြီး ဒေသတွင်းနှင့် ပြည်ပ နိုင်ငံသို့ ဈေးကွက်ချဲ့ထွင်ရောင်းချပေးနိုင်ရန် သမဝါယမအသင်းပေါင်း(၆၈)သင်းမှ ဝါးလက်မှု ထည်ပစ္စည်းများ၊ အဝတ်အထည်၊ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ငွေကျပ် (၂၁၅၂၇.၇၇)သိန်းဖိုး ထုတ်လုပ်ရောင်းချဖြန့်ဖြူးနိုင်ခဲ့ပါသည်။

ဟိုတယ်/မိုတယ်/တည်းခိုခန်းများ လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ တိုင်းဒေသကြီး/ပြည်နယ်(၁၅)ခု၊ မြို့နယ်ပေါင်း(၄၇)မြို့နယ်ရှိ သမဝါယမ အသင်း စုစုပေါင်း(၆၀)သင်းမှ ဟိုတယ် (၁)ခု၊ မိုတယ်(၆)ခု၊ တည်းခိုခန်း(၅၅)ခုနှင့် ဘော်ဒါ ဆောင် (၅)ခု ဆောင်ရွက်ထားပြီး တစ်နှစ်တာဝင်ငွေကျပ်သိန်းပေါင်း (၇၂၂၇.၃၃) ရရှိခဲ့ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်(၅)ခု၊ မြို့နယ်(၂၂)ခုတွင် Cash Memo အရောင်းဆိုင် (၄၃)ဆိုင်ဖွင့်လှစ်၍ အမှတ်တရပစ္စည်းအရောင်းဆိုင်များဖွင့်လှစ်ရောင်းချလျက်ရှိရာ အဆိုပါဆိုင် များမှ နိုင်ငံတော်ဝင်ငွေ State Income ပေးသွင်းခဲ့ပါသည်။

ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် သမဝါယမ     ကုန်သွယ်မှုကဏ္ဍမှ သမဝါယမအသင်းအရောင်းဆိုင်(၂၄၆)ဆိုင် ဖွင့်လှစ်လျက်ရှိပြီးကုန်မျိုးစုံ၊ ဒေသထွက်ကုန်၊ စိုက်ပျိုးရေးဆေးနှင့်သွင်းအားစု၊ မြေပဲဆီ၊ လျှပ်စစ်သုံးပစ္စည်းနှင့် ပရိဘောဂများ ရောင်းချဆောင်ရွက်လျက်ရှိပါသည်။

ပြည်ပပို့ကုန်တင်ပို့မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ သီရိစန္ဒာအထည်ချုပ်လုပ်ငန်းနှင့်အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်းမှ ငွေကျပ် (၁၃၁၁၁.၈၈၄) သန်းတန်ဖိုးရှိ အထည်မျိုးစုံကိုဂျပန်နိုင်ငံသို့လည်းကောင်း၊ ရွှေပြည်သာမြို့နယ်၊ ကျေးဇူးတော်နှင့်တင့်တယ်ခြင်း အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ ငွေကျပ် (၁၁၉.၄၁၀) သန်း တန်ဖိုးရှိ တံမြက်စည်းများကို တောင်ကိုရီးယားနိုင်ငံသို့လည်းကောင်း၊ မကွေး တိုင်းဒေသကြီးရှိ မြေလတ်သား အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ ကျပ်သန်း(၃၇၀၀.၆၃၅)တန်ဖိုးရှိ နှမ်းများကို စင်္ကာပူနိုင်ငံသို့လည်းကောင်း၊ ရှမ်းပြည်နယ် ဟိုပုန်းမြို့နယ်ရှိ Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ ငွေကျပ်(၃၃၂၂.၄၃၄)သန်း တန်ဖိုးရှိ ကော်ဖီမျိုးစုံကို ဆွစ်ဇာလန်နိုင်ငံသို့လည်းကောင်း၊ မူဆည်မြို့နယ်၊ စိန့်ဇေယျာ အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ ငွေကျပ်(၂၀၉၈၀.၄၂၆)သန်းတန်ဖိုးရှိ ငါးရှဉ့် များကို တရုတ်နိုင်ငံသို့လည်းကောင်း၊ စုစုပေါင်းငွေကျပ်(၄၁၂၃၄.၇၈၉)ကျပ်သန်းဖိုးကို တင်ပို့နိုင် ခဲ့ပါသည်။

နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးတို့အတွက် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေး/ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောင်ရေးစသည့် လုပ်ငန်းစဉ်၊ ဦးတည်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရေးအတွက် သမမဝါယမဦးစီးဌာနသည် တိုင်းဒေသကြီး/ ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(သမဝါယမကဏ္ဍ)ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေလကုန်ထိ တိုင်းဒေသကြီး(၅)ခု၊ ပြည်နယ် (၇)ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၃)ခုတို့ရှိ (၅၈)မြို့နယ်၊ အကျိုးပြုကျေးရွာ (၁၈၀)၊ အသင်း (၂၇၇)သင်း၊ အသင်းသား (၈၄၂၅)ဦးတို့တွင် စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ကျေးရွာတစ်ခု ထုတ်ကုန်တစ်ခု (ovop)၊ မြေဩဇာစက်ရုံ၊ ကန်ထရိုက်လယ်ယာလုပ်ငန်း၊ ရာဘာလုပ်ငန်း၊ ဆီစက်အဆင့်မြှင့်နှင့်ဆီကြိတ်ခွဲလုပ်ငန်း စသည့် လုပ်ငန်းများဆောင်ရွက်ရန် စုစုပေါင်းငွေကျပ် (၉၉၇၂.၀၄)သန်းကို ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။                               

 သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများကို(မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)တို့တွင် ဖွင့်လှစ်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင် နှစ်တွင် ကျောင်းသား/သူ(၂၅၂)ဦး သင်တန်းပြီးမြောက်အောင်မြင်ခဲ့ပြီး (၃၄)ဦးမှာ သတ်မှတ် အရည်အချင်းနှင့် ပြည့်မီသည့်အတွက် သမဝါယမကောလိပ်များသို့ ပေါင်းကူးတက်ရောက်၍ ပညာဆက်လက်သင်ယူခွင့်ရရှိပြီး ကျောင်းသား/သူ(၂၁၈)ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်ခဲ့ပါသည်။ အလားတူ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်လည်း ကျောင်းသား/သူ(၁၅၁)ဦး သင်တန်းပြီးမြောက်အောင်မြင်၍ (၂၈)ဦးမှာ သမဝါယမကောလိပ်များသို့ ပေါင်းကူးတက်ရောက်၍ ပညာဆက်လက်သင်ယူခွင့်ရရှိပြီး (၁၂၃)ဦး အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ခဲ့ပါသည်။

ဝန်ကြီးဌာနအနေဖြင့်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် တောင်သူများကို လိုအပ်သည်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ကိုယ်ကိုယ် တိုင်လုပ်၊ ကိုယ်ကိုယ်တိုင်သိပြီး တောင်သူများသို့ အတွေ့အကြုံများမျှဝေပေးနိုင်အောင် ရုံး ပတ်ဝန်းကျင်တွင် ကြက်၊ ဘဲ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ စံပြစက်မှုလယ်ယာဖော်ထုတ်ဆောင်ရွက်ခြင်း၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း၊ နွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်ခြင်းတို့ကို စံနမူနာအဖြစ် စီမံဆောင်ရွက်လျက်ရှိပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဒေသထွက်ကုန်များအား ဝန်ထမ်းများ ဈေးနှုန်းချိုသာစွာဖြင့် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် MCRD (Coop Mart)ဖွင့်လှစ်၍ ရောင်းချဆောင်ရွက် ပေးလျက်ရှိပါသည်။

ဂျပန်နိုင်ငံတွင် စိုက်ပျိုးရေးသမဝါယမအသင်းများ၏ အကြီးဆုံးနှင့် အအောင်မြင် ဆုံးအသင်း တစ်သင်းဖြစ်သော “JA-ZENCHU” သည် ၁၉၅၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဂျပန်နိုင်ငံရှိ စိုက်ပျိုးရေးသမဝါယမအသင်းများအတွက် အဆင့်မြင့်ဆုံးအဖွဲ့အစည်း(Apex Body) အဖြစ် ရပ်တည်လျက်ရှိပါသည်။

“JA-ZENCHU”၏ အဖွဲ့ဝင် သမဝါယမအသင်းပေါင်းမှာ (၆၉၄) သင်းရှိပြီး  အသင်းသား များအတွက် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ သွင်းအားစုများ ပံ့ပိုးပေးခြင်း၊ ထုပ်ပိုးခြင်း၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်တင်ရောင်း ချခြင်းနှင့် ငွေကြေးဝန်ဆောင်မှုပေးခြင်းစသည့် အမျိုးမျိုးသောဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

အိန္ဒိယနိုင်ငံ အာနန်မြို့ရှိ Gujarat Cooperative Milk Marketing Federation Ltd (GCMMF)သည် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချပေးနေသော အကြီးဆုံး သမဝါယမအသင်းကြီးတစ်ခုဖြစ်ပြီး နာမည်ကြီး Amul အမှတ်တံဆိပ်ဖြင့် အရည်အသွေးမြင့် နို့နှင့် နို့ထွက်ပစ္စည်းအမျိုးပေါင်း(၁၄၀)ကို အိန္ဒိယနိုင်ငံအနှံ့အပြားတွင်သာမက ကမ္ဘာ့နိုင်ငံအများ အပြားသို့ပါ တင်ပို့ရောင်းချပေးနေသော အသင်းကြီးဖြစ်ပါသည်။ ထိုအသင်းကြီးကို ခရိုင်အဆင့် သမဝါယမအသင်းစု(၁၈)စု၊ ကျေးရွာသမဝါယမအသင်းပေါင်း(၁၈,၆၀၀)သင်းခန့် ပါဝင်ဖွဲ့စည်း ထားပါသည်။ အသင်းသားပေါင်းမှာ (၃.၆)သန်းခန့်ရှိပါသည်။ နှစ်စဉ်လုပ်ငန်းလည်ပတ်ငွေမှာ ဒေါ်လာ(၇.၃)ဘီလီယံခန့်ရှိပါသည်။

ဗဟိုသမဝါယမအသင်းသည် (၇-၉-၁၉၉၃)ရက်နေ့၌ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်တွင် အသင်းဝင်အဖြစ်ပါဝင်ခဲ့ပါသည်။ ကုလသမဂ္ဂအထွေထွေညီလာခံကြီး က နှစ်စဉ် ဇူလိုင်လ ပထမပတ် စနေနေ့ကို အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အဖြစ် သတ်မှတ် ပေးခဲ့ခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ၁၉၂၃ ခုနှစ်မှစတင်၍ ကျင်းပဆောင်ရွက် ခဲ့ရာ ယခုနှစ်ဆိုလျှင် (၁၀၃)နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံမှာလည်း နှစ်စဉ်အပြည်ပြည် ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ်အခမ်းအနားကိုကျင်းပခဲ့ရာ ယနေ့ဆိုလျှင်(၃၁)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပါသည်။

သို့ပါ၍ မြန်မာ့သမဝါယမများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှု၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဦးဆောင်မှုတို့ဖြင့် သမဝါယမ ဦးစီးဌာန၊ သမဝါယမအသင်းနှင့် အသင်းသားပြည်သူများက ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဆောင်ပုဒ်ဖြစ်သော “Cooperatives Driving Inclusive and Sustainable Solutions for a Better World” “သမဝါယမနည်းလမ်းဖြင့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို တည်ဆောက်ကြပါစို့” ဆောင်ပုဒ်နှင့်အညီဆောင်ရွက်မှုအခြေအနေများအား အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုရင်း ရေးသားတင်ပြလိုက်ရပါသည်။

အောင်သူရ (သမဝါယမ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်