နေပြည်တော် စက်တင်ဘာ ၂၉
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့ စီးပွားရေးဘဏ်နှင့် ဦးစီးဌာနများမှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကား ပြောကြားရာတွင် တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် တိုက်ရိုက်ဖြန့်ဖြူး ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများ၊ ရည်ညွှန်းဈေးနှုန်းများ ထပ်မံသတ်မှတ်နိုင်ရေး၊ သွင်းအားစု များ မပြတ်လပ်အောင် တင်သွင်းနိုင်ရေးတို့အတွက် ဆွေးနွေးနိုင်ရန် အစည်းအဝေးခေါ်ယူခြင်း ဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဓာတ်မြေဩဇာတန်ချိန် ၁.၆ သန်းနဲ့ ပိုးသတ်ဆေး တန်ချိန် ၃၂,၀၀၀ တင်သွင်းနိုင်ရေး လျာထားသတ်မှတ်ချက်အရ ဦးဆောင်ကော်မတီအနေဖြင့် ဧပြီမှ စက်တင်ဘာလအထိ (၆) လအတွက် မြေဩဇာတန်ချိန် ၁,၀၂၃,၇၆၁.၄၃ တန်နဲ့ ပိုးသတ်ဆေး တန်ချိန် ၁၉,၅၁၅.၇၆ တန်ကို ကုမ္ပဏီအလိုက်သွင်းကုန်လိုင်စင်ရရှိနိုင်ရေး ထောက်ခံပေးထားပြီးဖြစ် ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လိုင်စင်ထုတ်ပေးမှုအနေနှင့် ဩဂုတ်လကုန်အထိ မြေဩဇာတန်ချိန် ၉၈၆,၁၆၈.၂၁၆ တန်၊ ပိုးသတ်ဆေးတန်ချိန် ၂၆,၅၈၇ တန် ရှိပြီး မြေဩဇာတန်ချိန် ၃၆၁,၂၄၅.၄၃၉ တန်၊ ပိုးသတ်ဆေးတန်ချိန် ၁၀,၁၅၀.၉၁၈ တန် အမှန်တင် သွင်းနိုင်ခဲ့ပါကြောင်း၊
မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းရဲ့ ၂၀-၉-၂၀၂၅ ရက်နေ့ စိစစ်တင်ပြချက်အရ မြေဩဇာသွင်းကုန်လိုင်စင် ရရှိမှုအနေနဲ့ တန်ချိန် ၈၁,၁၈၁၂.၀၅ တန်ဖြစ်ပြီး အမှန်တင်သွင်းမှုအနေနဲ့ တန်ချိန် ၅၇၄,၇၀၄.၂၈ တန်၊ ဖြန့်ဖြူးရောင်းချပြီးမှုအနေနဲ့ တန်ချိန် ၄၇၁,၈၁၁.၄၉ တန်ရှိပြီး ဂိုဒေါင်လက်ကျန်အနေနဲ့ တန်ချိန် ၂၅၃၄၃၁.၈၆ တန်ရှိပါကြောင်း၊ ပိုးသတ်ဆေးအတွက် လိုင်စင်ရပြီးတန်ချိန် ၁၄,၅၅၉.၃၅ တန်ရှိပြီး အမှန်တင်သွင်းမှုအနေနဲ့ တန်ချိန် ၁၆,၉၃၈.၁၆ တန်၊ ဖြန့်ဖြူးရောင်းချပြီးမှုအနေနဲ့ တန်ချိန် ၁၂,၂၀၆.၅၀ တန်ရှိပြီး ဂိုဒေါင်လက်ကျန် အနေနဲ့ တန်ချိန် ၁၀၆၂၂.၅၄ တန် ရှိပါကြောင်း၊
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဆောင်ရွက်ပေးနေသကဲ့သို့ ထိုစီမံကိန်းနှင့်အကျုံးမဝင်သည့် တောင်သူများ လိုအပ်တဲ့ဓာတ်မြေဩဇာများကို တောင်သူလက်ဝယ်အရောက် သီးနှံပေါ်ပေးစနစ်ဖြင့် လိုချင်တဲ့ Brand အမှတ်တံဆိပ် အရ ဩဂုတ်လအတွင်း ယူရီးယား ၂၇,၄၀၄.၅၀ တန်၊ ကွန်ပေါင်း ၁၆,၂၆၀.၇၅ တန်၊ စုစုပေါင်းတန်ချိန် ၄၃,၆၆၅.၂၅ ကို ဖြန့်ဖြူးရောင်းချပေးခဲ့ပါကြောင်း၊ ရောင်းချ ပေးသည့် ကုမ္ပဏီများအတွက်ကို သွင်းကုန်လိုင်စင်အစားထိုး ရရှိရေးနှင့် နိုင်ငံခြားငွေရရှိရေးတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အစားထိုး သွင်းကုန်လိုင်စင်များလည်း ရရှိခဲ့ပါကြောင်း၊ ဩဂုတ်လအတွက် ဖြန့်ဖြူးပေးထားသည့် ဓာတ်မြေဩဇာကျသင့်တန်ဖိုးများကို အမြန်ထုတ်ပေးနိုင်ရေး၊ အမြန် ဆောင် ရွက်ရန်လိုအပ်ကြောင်း၊ သို့မှသာ ဆက်လက်ဖြန့်ဖြူးမှု အဆင်ပြေမှာဖြစ်ပါကြောင်း၊
စက်တင်ဘာလ ဆက်လက်ဆောင်ရွက်ရန် တိုင်းဒေသကြီးများသို့ Demand တောင်းခံခဲ့ရာ နေပြည်တော်နှင့် ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး (၄) ခု၏ တင်ပြချက်အရ ၃၉,၆၄၈.၅၅ တန် ရှိပါကြောင်း၊ မြေဩဇာအသင်းဝင်ကုမ္ပဏီများထဲမှ ပစ္စည်းရောက်ရှိပြီး အမြန် ရောင်းချပေးနိုင်မည့် ကုမ္ပဏီများက တိုင်းဒေသကြီးများ၏ အမှာစာပေါ်မူတည်ကာ မျှတအောင် စိစစ်ရွေးချယ်၍ စီမံဆောင်ရွက်ပေးရန် လိုပါကြောင်း၊ နိုင်ငံတကာ ဓာတ်မြေဩဇာဈေးနှုန်းများ ကျဆင်းလာသည်ဟု သိရရှိပြီး ပုံမှန်ရည်ညွှန်းဈေးနှုန်းများအနေနဲ့ စက်တင်ဘာလအအတွက် ထုတ်ပြန်ပေးထားပါကြောင်း၊ အောက်တိုဘာလအတွက်ကိုလည်း နိုင်ငံတကာဈေးကို အခြေခံပြီး ထုတ်ပြန်နိုင်ရေး ဆွေးနွေးကြစေလိုကြောင်း၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် အချိန်မီတင်သွင်းရန် လိုအပ်ပြီး ခွင့်ပြုလိုင်စင်များ အမြန်တင်သွင်းရေး၊ မသွင်းနိုင်လျှင် အမှန်တင်သွင်းသူများကိုသာ ဦးစားပေး တင်သွင်းခွင့်ပြုပေးရမည် ဖြစ်ပါကြောင်း၊
ကော်မတီဝင်ဌာနများအနေနဲ့လည်း အရည်အသွေးမှန်ကန်ရေး စစ်ဆေးပေးရန်နှင့် ဓာတ်မြေ ဩဇာအရောင်းဆိုင်များအား ရန်ကုန်အထိုင် ရည်ညွှန်းဈေးနှုန်းကို အခြေခံပြီး ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်နှင့် အရောင်းဆိုင်အမြတ်တို့အပေါ် ပိုမိုရောင်းချနေမှု ရှိ/မရှိ၊ သွင်းအားစုများ သိုလှောင်ပြီး ဈေးကစားခြင်းများ ရှိ/မရှိ တို့ကို စစ်ဆေးဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း၊ ဦးဆောင်ကော်မတီ၏ ရည်ရွယ်ချက်အတိုင်း ဓာတ်မြေဩဇာများ အချိန်မီရရှိရေး၊ ဈေးနှုန်းသက်သာ စေရေး၊ အရည်အသွေးမှန်ကန်စေရေးတို့အတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ဩဂုတ် လအတွက် တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချခဲ့မှု အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်က သွင်းအားစုများ ဝယ်ယူတင်သွင်းဖြန့်ဖြူးနေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်တို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ကော်မတီအဖွဲ့ဝင် ဦးစီးဌာနများမှ ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်