နေပြည်တော် နိုဝင်ဘာ ၂
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဝန်ကြီးဌာနအလိုက် ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြား ရာတွင် မိုးစပါးနှင့် မိုးသီးနှံအတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဓာတ်မြေဩဇာ ဖြန့်ဖြူးမှု၊ သုံးစွဲမှုကို သုံးသပ်ရန်၊ ဆောင်းသီးနှံနှင့် နွေစပါး စိုက်ပျိုးချိန်အမီ ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေး နိုင်ရေး ကြိုတင်ပြင်ဆင်ရန်၊ ရည်ညွှန်းဈေးနှုန်း သတ်မှတ်နိုင်ရန် ရည်ရွယ်၍ အစည်းအဝေး ခေါ်ယူ ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့လည်း ဆောင်းသီးနှံနှင့် နွေစပါး စိုက်ပျိုးနိုင် ရေး ဓာတ်မြေဩဇာလိုအပ်ချက်စာရင်း တောင်းထားပြီး အသင်းအနေဖြင့် အချိန်မီတင်သွင်းဖြန့်ဖြူး ပေးနိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန်နှင့် အစီအမံတင်ပြရန် လိုပါကြောင်း၊ ယခုနှစ် မိုးစပါးနှင့် မိုးသီးနှံ ဓာတ်မြေဩဇာအသုံးပြုမှုများကို စာရင်းဇယား အချက်အလက်မှန်ကန်အောင် စိစစ်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊
နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းကြီးကြပ်မှုကော်မတီများအနေဖြင့် ဓာတ်မြေဩဇာ အမှန်သုံးစွဲမှု၊ ဖြန့်ဖြူးမှုနှင့် သုံးစွဲမှုများကို စောင့်ကြည့်ရန်၊ လိုအပ်ချက် ဖြည့်ဆည်းပေးရန်၊ တရားမဝင်တင်သွင်းမှုများ မရှိ စေရန်နှင့် ဓာတ်မြေဩဇာ အရည်အသွေးနှင့် အလေးချိန်မှန်ကန်စေရေး၊ သတ်မှတ်ရောင်းဈေးနှုန်း ထက် ပိုမိုရောင်းချမှုမရှိစေရေး၊ သိုလှောင်ပြီး ဈေးကစားခြင်းများမရှိစေရေး၊ တောင်သူများ ဓာတ်မြေဩဇာသုံးစွဲနိုင်မှု အခြေအနေ၊ မြို့နယ်အလိုက် အရောင်းဆိုင်စာရင်းနှင့် လက်ကျန် စာရင်းများကို စစ်ဆေးပြီး လစဉ်တင်ပြချက်တွင် ထည့်သွင်းတင်ပြရန်၊ အဖွဲ့ဝင်ဌာနများကလည်း ဝိုင်းဝန်းကြီးကြပ်ဆောင်ရွက်ပေးရန်နှင့် မိမိတို့ရည်ရွယ်ချက်အတိုင်း အချိန်မီရရှိရေး၊ အရည်အသွေး ပြည့်ဝစေရေး၊ သက်သာသောဈေးနှုန်းနဲ့ တောင်သူများလက်ဝယ်အရောက် တိုက်ရိုက်ဝယ်ယူ အသုံးပြုနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာနအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသည်။
ယင်းနောက် ဦးဆောင်ကော်မတီ အတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် မိုးစပါး မိုးသီးနှံအတွက် ဓာတ်မြေဩဇာဖြန့်ဖြူးမှု နှိုင်းယှဉ်ချက်များ ကိုလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ က ဓာတ်မြေဩဇာ ဝယ်ယူတင်သွင်းဖြန့်ဖြူး ရောင်းချလျက်ရှိသည့် အခြေအနေနှင့် ဆက်လက် တင်သွင်းမည့် အစီအမံများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဦးဆောင်ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဦးစီးဌာနများမှ ကိုယ်စားလှယ်များ နှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်