Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများနှင့် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများအား ပိုမိုတိုးမြှင့်ထုတ်လုပ်၍ ထိရောက်အောင်မြင်အောင် ဆောင်ရွက်ရေး တိုက်တွန်းမှာကြား


15 Oct,2026

နေပြည်တော်၊ အောက်တိုဘာ ၁၄

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများနှင့် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများဆိုင်ရာ အစည်း အဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက အဖွင့်အမှာစကားပြောကြားရာတွင် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော နည်းပညာသင်တန်းပေးခြင်း၊ လုပ်ငန်းထူထောင်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ အလုပ်အကိုင် ချိတ်ဆက် ပေးခြင်း၊ လုပ်ငန်းများကို စနစ်တကျ မှတ်ပုံတင်ပေးခြင်း၊ ထုတ်ကုန်များကို ဓါတ်ခွဲစမ်းသပ်ပေးခြင်း စသည့် လုပ်ငန်းများကို ပြန်လည်သုံးသပ်ပြီး အားနည်းချက်များဖော်ထုတ်၍ ပိုမိုအောင်မြင်အောင် ပြုပြင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ယွန်းပညာကောလိပ်၊ ဆောင်းဒါး ရက်ကန်းနှင့်အသက်မွေး ပညာသိပ္ပံနှင့် ရက်ကန်းသင်တန်းကျောင်းများတွင် ရိုးရာမပျက်စေဘဲ ခေတ်နှင့်အညီ ဈေးကွက်အောင်မြင် အောင် တီထွင်ကြံဆ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဆောင်ရွက်ပြီး လုပ်ငန်းများကိုလည်း စောင့်ကြည့်သုံးသပ်ပြီး မျှော်မှန်းရလဒ်များကို လက်တွေ့ကျကျ ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ထို့အပြင် သက်ဆိုင်ရာဌာနများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက် မှု အခြေအနေများကိုလည်းကောင်း၊ ယွန်းပညာကောလိပ်၊ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ တို့မှ ကျောင်းအုပ်ကြီးများ၊  တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အလိုက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမခြောက်လပတ် ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်း များနှင့် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများဆိုင်ရာ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လပတ် အတွင်း နည်းပညာကာလတိုသင်တန်း (၁၃၃) ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၂၅၉၅) ဦး မွေးထုတ်ကာ အဆိုပါသင်တန်းသားများအနက် (၉၇၂) ဦးမှာ တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ဆောင်ရွက် လျက် ရှိပါကြောင်း၊ မှတ်ပုံတင်လုပ်ငန်းများအနေဖြင့် (၂၂၀၃) ခုနှင့် ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်း (၆၀၀၇) ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်