Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ဧရာဝတီတိုင်းဒေသကြီးအတွင်း သမဝါယမစနစ်ကို အခြေခံ၍ စနစ်ကျသော စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး


10 Oct,2026

နေပြည်တော် အောက်တိုဘာ ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ အင်္ဂလာကျေးရွာသို့ သွားရောက်ပြီး ကျေးရွာစာသင်ကျောင်း၌ ဧရာရွှေစင်စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းများမှ အသင်းအမှုဆောင်များ၊ အသင်သားတောင်သူများ၊ ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံရာ သက်ဆိုင်ရာ တာဝန်ရှိသူများက စုပေါင်းလယ်ယာနစ်ဖြင့် စံပြကွက် ဧကာ(၁၀၀)တွင် စိုက်ပျိုးနိုင်ရေး ဆွေးနွေးထားမှု အခြေအနေများကို ရှင်းလင်း တင်ပြ ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးကုန်ထုတ်သမဝါယမအသင်းသား တောင်သူများအနေဖြင့် စနစ်ကျသော စုပေါင်းစိုက်ပျိုးမှုဖြင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး ဦးတည်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ တောင်သူများအနေဖြင့် သမဝါယမ အသင်း အစုအဖွဲ့ပုံစံ စုပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စုပေါင်းဆောင်ရွက်မှသာ စနစ်တကျ စိုက်ပျိုးမှုကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်း မျိုးသန့်၊ သွင်းအားစုဓာတ်မြေဩဇာနှင့် စက်သုံးဆီများ အချိန်မီရရှိရေး သက်ဆိုင်ဌာနများနှင့် စုပေါင်းဆောင်ရွက်ပေးမှာဖြစ်ကြောင်း ဆွေးနွေး ပြောကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ စက္ကော့တောင် ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာရှိ ဧရာအောင်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား တောင်သူများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံရာ မြို့နယ်သမဝါယမဦးစီးဌာန တာဝန်ရှိသူများက သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ် ဆောင်ရွက် မည့် အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိရိုးဖလာ စိုက်ပျိုးရေးမှ စနစ်တကျ စိုက်ပျိုးရေး၊ စက်မှုလယ်ယာစိုက်ပျိုးရေးသို့ ကူးပြောင်း ဆောင်ရွက်ရန်လိုကြောင်း၊ သမဝါယမနစ် ပီပြင်စွာဖြစ်ပေါ်လာရေးအတွက် သက်ဆိုင်သူအားလုံး စုပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အသင်းသားတောင်သူများအနေဖြင့် တစ်ဆက်တစ်စပ် တည်းရှိသော လယ်ကွင်းများတွင် စုပေါင်းထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ သွင်းအားစု များအား စုပေါင်းဝယ်ယူနိုင်ခြင်းတို့ကြောင့် ကုန်ကျစရိတ်များလျှော့ချနိုင်မှာဖြစ်သည့်အပြင် သီးနှံ အရည်အသွေးကောင်းမွန်ခြင်း၊ အထွက်နှုန်းမြင့်မားခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မှာ ဖြစ်ကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း စသည့် စိုက်ပျိုးရေး လုပ်ငန်းစဉ်များကိုလည်း စနစ်တကျ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လာမည့်စိုက်ပျိုးရာသီတွင်  Super El Niño (စူပါ အယ်လ်နီညို) ဆိုင်ရာ ရာသီဥတုပြောင်းလဲနိုင်မှုကို ကြိုတင်မျှော်တွေးပြီး သီးနှံစိုက်ပျိုးထုတ်လုပ်မှုများ မထိခိုက် အောင် အသင်းသားတောင်သူများအား အသိပညာပေးခြင်း၊ ကူညီပံ့ပိုးခြင်းများ ဆောင်ရွက်ပေးရန် နှင့် ကျေးရွာပြည်သူများအနေဖြင့်လည်း ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များအား အလေးထား လိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီးနောက် အသင်းသားတောင်သူများ၏ တင်ပြချက် များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက မရမ်းချောင်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာပြည်သူများကိုယ်တိုင်ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုရာ မြို့နယ်ဦးစီးမှူး က ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်ပူးပေါင်းပြီး (၅)နှစ်စာအတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲဆောင်ရွက်ထားမှုများအား ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်