Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း တိုက်ကြီးမြို့နယ်အတွင်း စိုက်ပျိုးရေးကုန်ထုတ်သမဝါယမ အသင်းသားတောင်သူများ စနစ်ကျသော စုပေါင်းစိုက်ပျိုးမှုဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဦးတည်ဆောင်ရွက်ကြရန် တွေ့ဆုံမှာကြား


09 Oct,2026

နေပြည်တော် အောက်တိုဘာ ၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် အတွင်း စိုက်ပျိုးရေးကုန်ထုတ်သမဝါယမအသင်းသားတောင်သူများ စနစ်ကျသော စုပေါင်း စိုက်ပျိုးမှုဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဦးတည်ဆောင်ရွက်ကြရန် တွေ့ဆုံမှာကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုက်ကြီးမြို့ မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ တိုက်ကြီးမြို့နယ်အတွင်းရှိ သမဝါယမစနစ် စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုအသင်းသား တောင်သူများ နှင့် တွေ့ဆုံရာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဦးစီးမှူးက တိုက်ကြီးမြို့နယ်အတွင်း သမဝါယမ စနစ်ဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကုန်ထုတ်လုပ်မှု ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးကုန်ထုတ်သမဝါယမ အသင်းသားတောင်သူများ စနစ်ကျသော စုပေါင်းစိုက်ပျိုးမှုဖြင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး ဦးတည် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း စသည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို လည်း စနစ်တကျဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တောင်သူများအနေဖြင့် သမဝါယမအသင်း အစုအဖွဲ့ပုံစံ စုပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စုပေါင်းဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှု စရိတ်သက်သာခြင်း၊ စနစ်တကျစိုက်ပျိုးမှုကို ဖော်ဆောင်နိုင်ခြင်း၊ သီးနှံအရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းမြင့်မားခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်မှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူ များအနေဖြင့်လည်း လိုအပ်သည့် အရင်းအနှီးများရရှိရေး၊ ဈေးကွက်သေချာစေရေး ချိတ်ဆက် ဆောင်ရွက် ပေးရန်နှင့် လက်ရှိဆောင်ရွက်နေသော သမဝါယမအသင်း အစုအဖွဲ့များ၏ အောင်မြင်မှု များကို အခြေခံပြီး သမဝါယမပုံစံ၊ အစုအဖွဲ့ပုံစံ ဆောင်ရွက်လိုသည့် တောင်သူများကို တိုးချဲ့စည်းရုံး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မွေးမြူရေးကုန်ထုတ် သမဝါယမအသင်းသားတောင်သူများ အနေဖြင့်လည်း အစုအဖွဲ့ သမဝါယမစနစ်ဖြင့် တစ်အုပ်တမ စီးပွားဖြစ် စနစ်တကျမွေးမြူကြရန် လိုအပ်ကြောင်း၊ လာမည့် စိုက်ပျိုးရာသီတွင်  Super El Niño(စူပါအယ်နီလ်ညို) ဆိုင်ရာ ရာသီဥတု ပြောင်းလဲနိုင်မှုကို ကြိုတင်မျှော်တွေးပြီး ဆောင်းသီးနှံ၊ နွေသီးနှံ စိုက်ပျိုးထုတ်လုပ်မှုများ မထိခိုက် အောင် အသင်းသားတောင်သူများအား အသိပညာပေးခြင်း၊ ကူညီပံ့ပိုးခြင်းများ ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားပြီးနောက် အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တိုက်ကြီးမြို့နယ်အတွင်းရှိ တောင်ပို့လှကျေးရွာ၊ ဥပ္ပုံကျေးရွာ၊ ဂုံညှင်းတန်းကျေးရွာ၊ ဂျိုးဖြူစံပြကျေးရွာ၊ ကရင်ကျွန်းချောင်း ကျေးရွာတို့ရှိ အသင်းသားတောင်သူများအား မျိုးနှင့်သွင်းအားစုအတွက် မတည်လည်ပတ်ချေးငွေ များပေးအပ်ပြီးနောက် တိုက်ကြီးမြို့နယ်အတွင်းရှိ သမဝါယမအသင်းများ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များခင်းကျင်း ပြသထားမှုနှင့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ခင်းကျင်းပြသ ထားမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်