Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု


10 Oct,2026

နေပြည်တော် အောက်တိုဘာ ၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာ(၁၈)ရွာ၊ အိမ်ခြေ (၁၃၀၁)အိမ်၊ လူဦးရေ (၅၈၀၀)ကျော် အကျိုးပြုပေးနိုင်မည့် ဖက်သောင်-သဘောသပြု-သုံးခွ ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုအား လည်း ကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ပို့ချခဲ့သော အခြေခံနှင့် အဆင့်မြင့်သင်တန်းမှ သင်တန်းဆင်းပြီး လုပ်ငန်းပစ္စည်းများ ထောက်ပံ့ပေးထားသော သင်တန်း ဆင်းသူများ၏ ကိုယ်ပိုင်အပ်ချုပ်ဆိုင်များ ထူထောင်ဆောင်ရွက်နေမှု အားလည်းကောင်း လှည့်လည် ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှု များကြောင့် ပေါက်ကုန်းကျေးရွာအဝင်လမ်း ပြန်လည်ပြင်ဆင်နေမှု အခြေအနေအားလည်းကောင်း၊ ရှမ်းရွာ-ကျောင်းစု- ရေနောက် ကျေးရွာချင်းဆက်လမ်းပိုင်း ပြန်လည်ပြုပြင်နေမှု အခြေအနေအား လည်းကောင်း လှည့်လည်ကွင်းဆင်းကြည့်ရှုရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက ရေကြီးနစ်မြုပ်ခဲ့သော ကျေးရွာချင်းဆက်လမ်းနှင့် ကုန်ထုတ် လမ်း (၉၇)လမ်းအား လတ်တလော လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေး ယာယီ ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်ပေးရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်မည့် အစီအမံများ ပြန်လည်တင်ပြသွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်