နေပြည်တော် အောက်တိုဘာ ၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာ မြို့နယ်၊ စာရေးကွင်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ဒေသခံအသင်းသား တောင်သူများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဦးစီးမှူးက တိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြှုပ်မှုကြောင့် မိုးစပါး ပျက်စီးဧကများတွင် ပြန်လည်စိုက်ပျိုးရေးအတွက် သီးနှံမျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပါသည်။ တင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက ရေကြီးနစ်မြုပ်မှုများကြောင့် ပျက်စီးသွားသော စိုက်ဧကများ တွင် ဒေသနှင့်ကိုက်ညီပြီး ဖြစ်ထွန်းအောင်မြင်သည့် သီးနှံများကို အမြန်ဆုံး ပြန်လည်စိုက်ပျိုး နိုင်ရေးအတွက် လိုအပ်သည့် မျိုး၊ သွင်းအားစုနှင့် စက်သုံးဆီများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကုန်ထုတ် သမဝါယမအသင်းသားတောင်သူများ အနေဖြင့် တစ်ကွင်းတစ်ဆက်တည်းရှိသော လယ်ကွင်းများတွင် စနစ်ကျသော စုပေါင်းစိုက်ပျိုးမှုဖြင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး ဦးတည်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စုပေါင်းဆောင်ရွက်မည် ဆိုပါက ထုတ်လုပ်မှု ကုန်ကျ စရိတ်များ လျှော့ချနိုင်မှာဖြစ်သည့်အတွက် စုပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီးနောက် ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာရှိ စာရေးကွင်း စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသား တောင်သူများ၏ ရေကြီးနစ်မြုပ် ပျက်စီးဧကများတွင် ပြန်လည်စိုက်ပျိုးနိုင်ရေး မျိုးစေ့၊ သွင်းအားစုနှင့် ထွန်ယက်ဆီများအား ထောက်ပံ့ပေးအပ်ပြီးနောက် အသင်းသားတောင်သူ ဦးဌေးအောင်၏ မိုးစပါးစိုက်ခင်းတွင် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်း ဆောင်ရွက်နေမှုများ၊ ရေကြီးနစ်မြုပ်ခဲ့သော စိုက်ဧကများ၌ ပြန်လည်စိုက်ပျိုးနိုင်ရေး အသင်းပိုင် ထွန်စက်များဖြင့် ထွန်ယက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်