နေပြည်တော် အောက်တိုဘာ ၁၅
စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဦးမျိုးဇော်သိမ်းက အမှာစကားပြောကြားရာတွင် နေပြည် တော်ကောင်စီနယ်မြေအတွင်းရှိ ခရိုင် (၄) ခုအပါအဝင် မိတ္ထီလာ၊ ရမည်သင်း၊ တောင်ငူခရိုင်တို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စံပြဖြစ်စေရေး၊ Green/ Clean/ Smart City ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးအတွက် မျိုးကောင်း မျိုးသန့်၊ သွင်းအားစုများ အချိန်မီပံ့ပိုးနိုင်ရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်း တိုးတက်စေရေး၊ အရင်းအနှီးနှင့် နည်းပညာများ ရရှိရေး၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးကို အလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စနစ်ကျသော သမဝါယမစနစ်ကို အခြေခံ၍ အစုအဖွဲ့စနစ်၊ စုပေါင်းသမဝါယမစနစ်ကို ဖော်ဆောင်ပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျ စီမံချက် ရေးဆွဲဆောင်ရွက်ရန် လိုအပ်ကြောင်း၊ Super EL Nino ဖြစ်စဉ်အတွက်လည်း လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် လိုပါကြောင်း၊ ဦးစီးဌာနအချင်းချင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ အခြားဆက်စပ်ဌာန၊ အဖွဲ့အစည်းများနှင့် ပူပေါင်း ချိတ်ဆက်၍ အတူတကွ လက်တွဲအကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် အကောင်အထည်ဖော် ဆောင် ရွက်မည့် စီမံကိန်းလုပ်ငန်းများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ဦးစီးကော်မတီအစည်းအဝေး ဆွေးနွေးချက်များနှင့် ဝန်ကြီးဌာနမှ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရမည့်အချက်များကို လည်းကောင်း ဖြည့်စွက်ဆွေးနွေး ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ မှာကြားခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ တလုပ်ပင်ကျေးရွာသို့ သွားရောက်၍ ဒို့မြန်မာ အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ မွေးမြူထားသော အသားတိုးနွား (၄၆၂) ကောင် အား ကြည့်ရှုစစ်ဆေးပြီး နွားစာလုံလောက်မှုရှိစေရေး နွားစာမြက်များစိုက်ပျိုးရန်၊ ရောဂါပိုးမွှား ကာကွယ်ဆေးများ စနစ်တကျထိုးနှံရန်၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ဈေးကွက်တင်ပို့ရောင်းချရာတွင် Value Added အေးခဲအသားများ တင်ပို့နိုင်ရေး မျှော်မှန်းဆောင်ရွက်ရန် မှာကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မှန်တောကျေးရွာသို့ သွားရောက်၍ မှန်တော စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများနှင့် တွေ့ဆုံကာ စနစ်ကျသော သမဝါယမစနစ်ဖြင့် စုပေါင်းစိုက်ပျိုးဆောင်ရွက်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးကောင်း မျိုးသန့်၊ သွင်းအားစုများ အချိန်မီရရှိရေး မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။ ဆက်လက်၍ အသင်းသားတောင်သူ (၃၅) ဦး၏ စိုက်ဧက (၂၁၈) ဧကတွင် ဧရာမင်း စပါးမျိုး စိုက်ပျိုးထားမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်