Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးသိုက်စိုး မန္တလေးတိုင်းဒေသကြီး သမဝါယမလုပ်ငန်းများ စနစ်တကျအောင်မြင်ရေး တာဝန်ရှိသူများအား တွေ့ဆုံမှာကြား


20 Oct,2026

နေပြည်တော် အောက်တိုဘာ ၂၀

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်၍ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်၊ မြို့နယ်(၂၁)မြို့နယ် မှ သမဝါယမအသင်းစု ဥက္ကဋ္ဌများ၊ အသင်းအမှုဆောင်များ၊ မြို့နယ်ဦးစီးမှူးများ၊ မြို့နယ် (၇) မြို့နယ်မှ စိုက်ပျိုးမွေးမြူရေးသမဝါယမ အသင်းသားတောင်သူများနှင့် တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ တိုင်း ဦးစီးမှူး၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌနှင့် မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြကြသည်။

          ယင်းနောက် ဒုတိယဝန်ကြီးက စနစ်ကျသော သမဝါယမစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ် စေရန်၊ မန္တလေးတိုင်းဒေသကြီးနှင့် မိတ္ထီလာခရိုင်အား စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် စံပြဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး အလေးထားဆောင်ရွက်ရန်၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အဆင့်မြှင့်တင်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စနစ်တကျနှင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်၊ ကုန်သွယ်၊ ဝန်ဆောင် သမဝါယမလုပ်ငန်းများဖြစ်အောင် ဆောင်ရွက်နိုင်ရေး ဖြည့်စွက် ရှင်းလင်းဆွေးနွေးသည်။

          ထို့နောက် ဒုတိယဝန်ကြီးက တက်ရောက်လာသည့် တိုင်းသမဝါယမအသင်းစုချုပ်၊ မြို့နယ် (၂၁) ခုမှ ဦးစီးမှူးများ၊ မြို့နယ်သမဝါယမအသင်းစုများမှ အမှုဆောင်များနှင့် အသင်းသားတောင်သူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်