နေပြည်တော် အောက်တိုဘာ ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အင်းစိန်မြို့နယ် သီရိစန္ဒာ အထည်ချုပ်နှင့် အထွေထွေ ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ အထည်ချုပ်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းဆောင် ရွက်နေမှုများအား ကြည့်ရှု့အားပေးရာ စက်ရုံတာဝန်ရှိသူများက စက်ရုံအနေဖြင့် အထည်ချုပ် အလုပ်သမား ဦးရေ(၇၀၀)ကျော်ဖြင့် နေ့စဉ်လည်ပတ်ထုတ်နိုင်မှု အခြေအနေများ၊ ဂျပန်နိုင်ငံနှင့် ဥရောပနိုင်ငံများသို့ Export တင်ပို့နိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပမှ ချည်ဝယ်ယူ တင်သွင်းမှုကို လျှော့ချနိုင်ရေး၊ နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အထည်ချုပ်စက်ရုံများအတွက် လိုအပ်သော ချည်ထည်နှင့် ကုန်ကြမ်းများရရှိရေးနှင့် ဝါစက်ရုံ၊ ချည်စက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အထည်ချုပ် လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်မှသာ စက်ရုံအပေါ် မှီခိုနေသည့် အလုပ်သမား(၇၀၀)ကျော် အလုပ်အကိုင်များ ရရှိမှာဖြစ်သလို ကုန်ထုတ်လုပ်မှုများလည်း အဆင်ပြေမှာဖြစ်ကြောင်း၊ စက်ရုံမှ ထွက်ရှိသော အထည်များကို Made in Myanmar ဖြင့် Export တင်ပို့ပြီး နိုင်ငံခြားဝင်ငွေရရှိရေးသည် အရေးကြီးသည့်အတွက် အရည်အသွေးကောင်းမွန်မှုရှိစေရေး စနစ်တကျစစ်ဆေးဆောင်ရွက် သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားကာ လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စက်ရုံအတွင်း အထည်များ ချုပ်လုပ်နေမှုအခြေ အနေများ၊ ထုပ်ပိုးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်