Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ညှိနှိုင်းအစည်းအဝေးတက်ရောက်


03 Nov,2026

နေပြည်တော် နိုဝင်ဘာ ၃

          သမဝါယမစနစ် ပီပြင်စွာဖြစ်ပေါ်လာစေရေးအတွက် အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ လုပ်ငန်းဆောင်ရွက်မှု၊ ငွေကြေးစီမံမှုတို့ကို ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုရန် လိုအပ်ကြောင်း၊ အဆင့်တိုင်းမှာ တာဝန်ကျေပွန်ရန်နှင့် စွမ်းဆောင်ရည်ပြည့်ဝနေရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်ဖြစ်သည့် လယ်ယာမြေအားလုံးတွင် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရန်၊ သမဝါယမစနစ်ဖြင့် ကုန်ထုတ်လုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်ရန်၊  မြန်မာ့အစဉ်အလာနှင့် ကိုက်ညီသည့် စုပေါင်းသမဝါယမစနစ်ကို ဖော်ဆောင်ပြီး တောင်သူများ စုပေါင်းစိုက်ပျိုးသည့်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လမ်းညွှန်ချက်များအား မျှော်မှန်းချက်၊ ရည်မှန်းချက်များအဖြစ် ခံယူဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၆) သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက် လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း က ပြောကြားခဲ့ခြင်းဖြစ်သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းများအနေဖြင့် အသင်းဖွဲ့စည်းမှုမှ လုပ်ငန်းဆောင်ရွက်မှုအထိ ဥပဒေနှင့်ညီညွတ်သော စုပေါင်းဆောင်ရွက်မှုကို အခြေခံ၍ စနစ်ကျမှု၊ တာဝန်ခံမှု၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှု အားကောင်းရန်လည်း လိုအပ်သည့်အတွက် စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖွဲ့စည်းခြင်း၊ အမှုဆောင်ရွေးချယ်ခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်းတို့မှာ ပွင့်လင်းမြင်သာမှုရှိရန်နှင့် အရည်အချင်းရှိသော အမှုဆောင်များကို ရွေးချယ်၍ အသင်းသားတောင်သူ များ၏ အကျိုးစီးပွားကိုဦးတည်ပြီး စုပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ သမဝါယမစနစ် ပီပြင်စွာဆောင်ရွက်နိုင်ရေး “သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ပူးပေါင်းပါဝင် ပံ့ပိုးပေးဖို့ မှာကြားလိုပါကြောင်း၊ အဆိုပါ စီမံကိန်း များအား ကျေးလက်ပြည်သူများ သိရှိစေရေး အသိပညာပေးရာတွင် ကူညီပေးရန်နှင့် ဟန်ချက်ညီညီ ပူးပေါင်းကြီးကြပ်ပံ့ပိုးပေးရန် မှာကြားလိုပါကြောင်း၊ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲရာတွင် အဓိကအချက်ဖြစ်သည့် သမဝါယမစနစ်ပီပြင်စွာ ဖြစ်ပေါ်လာစေရန်၊ ခိုင်မာ အားကောင်းသော စံပြအသင်းများဖြစ်လာစေရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် အဓိကမောင်းနှင်အား အသင်းများဖြစ်ရန်၊ ချေးငွေအပေါ် အခြေခံရပ်တည်ခြင်းမှသည် ကိုယ်တိုင်ရပ်တည် လည်ပတ်နိုင်သည့် အသင်းများအဖြစ် မြှင့်တင်ဆောင်ရွက်ရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိသော၊ ကောင်းမွန်သော စီမံခန့်ခွဲမှုရှိသည့် အဂတိကင်းစင်သော အသင်းများဖြစ်ရန် အထူးအလေးထား ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် ဗဟိုသမဝါယမ အသင်းလီမိတက်မှ တာဝန်ရှိသူတို့က သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြကြပါသည်။

          ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာန ဦးစီးမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသင်းစုချုပ် ဥက္ကဋ္ဌများက မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုကို အသီးသီး ရှင်းလင်းတင်ပြကြပါသည်။

          ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့် တာဝန်ရှိသူများက သမဝါယမကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် အသင်းစုချုပ် ဥက္ကဋ္ဌများ၏ တင်ပြချက်များအပေါ် လုပ်ငန်းလိုအပ်ချက်များအား ဆွေးနွေးပြောကြားပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက  ရှင်းလင်းတင်ပြသည့် စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းများ နှင့်စပ်လျဉ်းပြီး ဆောင်ရွက်မည့် လုပ်ငန်းအသေးစိတ်၊ အကောင်အထည်ဖော်မည့်ကာလ၊ ဘဏ္ဍာငွေ ဖြည့်တင်းမည့်အစီအစဉ်၊ တိုင်းတာမည့် အညွှန်းကိန်းများ ပါဝင်သည့်ရှေ့လုပ်ငန်းစဉ်များ၊ ရာသီအလိုက်၊ နှစ်အလိုက် စီမံချက်များကို အသင်းအလိုက်၊ မြို့နယ်အလိုက်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရေးဆွဲထားရှိရန်နှင့် SOP များ ရေးဆွဲဆောင်ရွက်ရန်၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မပြတ်သုံးသပ် အကဲဖြတ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။     

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်