နေပြည်တော် အောက်တိုဘာ ၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် မတ်လအထိ ဖွင့်လှစ်ခဲ့သော အင်္ဂလိပ်စကားပြော၊ အရေးအသားနှင့် AI နည်းပညာသုံး အင်္ဂလိပ်စာမွမ်းမံသင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ လက်ထောက်အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးနှင့် သင်တန်းဆရာ၊ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၁) ဦး တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အမြဲတမ်းအတွင်းဝန်က အမှာစကားပြောကြားရာတွင် နိုင်ငံတကာဆက်ဆံရေး ကိစ္စများ၊ နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်သော စီမံကိန်းများတွင် အင်္ဂလိပ်စာသည် လွန်စွာ အရေးပါပါကြောင်း၊ AI နည်းပညာသုံး အင်္ဂလိပ်စာသည်လည်း အရေးကြီးသဖြင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဆက်လက်လေ့လာ၍ ကြိုးစားသင်ယူသွားရမည်ဖြစ်ကြောင်းဖြင့် တိုက်တွန်းမှာကြားခဲ့သည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက သင်တန်းနည်းပြဆရာအား အမှတ်တရလက်ဆောင်နှင့် ဂုဏ်ပြုငွေကိုလည်းကောင်း၊ သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုငွေများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး သင်တန်းနည်းပြဆရာက ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်