မိုင်းယောင်း ဇူလိုင် ၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝမ်ခိုကဲ- ဟောင်ကျန့် - ဝမ်ကောင်း - ဝမ်တောင်းလမ်း (ထပ်လုံစေတီလမ်း) ပေါ်တွင် အရှည်ပေ ၃၀ သံကူကွန်ကရစ်တံတား တည်ဆောက်နိုင်ရေး ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူတို့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်း စစ်ဆေးခြင်းကို ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးရဲလွင်နှင့် တာဝန်ရှိသူတို့က ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်မည့် အရှည်ပေ ၃၀၊ အကျယ် ပေ ၂၀၊ အမြင့် ခုနစ်ပေရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို အမြန်အကောင်ထည်ဖော်နိုင်ရေးနှင့် လုပ်ငန်းဆောင်ရွက်ချိန် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။
ရာဇီ(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်