မိုင်းဆတ် ဇူလိုင် ၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၌ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်း၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအေးလွင်နှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ပူနားကို - အားဆော်ပေါ်မိုး ကျေးရွာချင်းဆက်လမ်း အရှည် ၁ ဒသမ ၆၅ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု ၁၃ လက်မရှိ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ရန် မြေပြင်အခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။
မိုင်းဆတ်မြို့နယ်အတွင်း အဆိုပါကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်နယ် ရန်ပုံငွေ ကျပ် ၁၆၅ ဒသမ ၇၈၅ သန်းဖြင့် တင်ဒါအောင်မြင်သည့်လုပ်ငန်းက တာဝန်ယူဖောက်လုပ် မည်ဖြစ်ကြောင်း သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်