မိုင်းဖြတ် ဇူလိုင် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၌ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်းနှင့်တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက အိုက်လုံ-အိုက်ငို့လမ်းအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ-၁(မြို့ပြ) ဒေါ်စိမ်းစိုစိုဝေက လုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူး(မြို့ပြ)က လုပ်ငန်းများ အချိန်မီ ဆောင်ရွက်ပြီးစီးရေး၊ အရည်အသွေး ပြည့်မီရေးနှင့် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးကို ညှိနှိုင်းဆွေးနွေးသည်။ အဆိုပါ ကျောက်ချောလမ်းကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ်သန်း ၂၀၀ ဖြင့် လမ်းအရှည် ခုနှစ်ဖာလုံ၊ အကျယ် ၁၆ ပေ၊ ထု ခြောက်လက်မရှိ ကျောက်ချောလမ်းဖြစ်ပြီး ဆောင်ရွက်ပြီးစီးပါက ဟာကြားဟုန်၊ ဝမ်ပိန်း၊ ဟကြားဒီပ(ပေါ်)၊ ဟကြားဒီပ(အောက်)၊ ဟကြားမုဒိကျေးရွာများမှ အိမ်ခြေ ၂၈၀ လူဦးရေ ၁၁၂၀ တို့အား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(မိုင်းဖြတ်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်