ကံမမြို့နယ် ဂျွန်းတောင်ကျေးရွာ၌ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကျင်းပ
**********************************************************************
ကံမ ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဂျွန်းတောင်ကျေးရွာအုပ်စု၊အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်သည်။ရှေးဦးစွာ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိဦးမင်းကိုနိုင်က မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု လျော့နည်းစေရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ၊ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်ပေါ်စေရေး စွန့်ပစ်အမှိုက်စီမံ ခန့်ခွဲမှုဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။ထို့နောက် သရက်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးသက်ဖြိုးအောင်က မီးခိုးမြူငွေ့အန္တရာယ်ကြောင့် နောက်ဆက်တွဲ ဖြစ်ပွားလာနိုင်သည့်ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို ကာကွယ်နိုင်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များကိုဆွေးနွေးပြောကြားပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။အဆိုပါဟောပြောပွဲသို့ ဂျွန်းတောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်ကျေးရွာသူ၊ ကျေးရွာသား ၁၀၀ဦး တက်ရောက်ကြကြောင်း သိရသည်။
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်