ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
မန္တလေး ဇူလိုင် ၁၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်မျိုးလွင်က ဦးစီးဌာန(ရုံးချုပ်)တွင် ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးမှ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်း၊ ခရိုင်/မြို့နယ် ဦးစီးမှူးများ အနေဖြင့် ယခု ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီ ပြီးစီးရေး အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြစေလိုကြောင်း ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက ဦးစီးဌာန ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်ရေပေးရေး၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတား၊ ကျေးလက်မီးလင်းရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ ခရိုင်ဦးစီးမှူးများက ခရိုင်အလိုက် မြို့နယ်ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် ကဏ္ဍအလိုက် လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြရာ တိုင်းဒေသကြီးဦးစီးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်