Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာ-သာစည်လမ်းမှ ဂုံကုန်းကျေးရွာသို့ ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ ပေ ၈၀ ကွန်ကရစ်တံတား(ဒုတိယပိုင်း)တည်ဆောက်


21 Jul,2025

မိတ္ထီလာ ဇူလိုင် ၁၉

     မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တံတားတည်ဆောက်ရေးအဖွဲ့ (ရုံးချုပ်)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာ-သာစည်လမ်းမှ ဂုံကုန်းကျေးရွာသို့ ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ ပေ ၈၀ ကွန်ကရစ်တံတား(ဒုတိယပိုင်း) တည်ဆောက်ခြင်းလုပ်ငန်းကို တာဝန်ရှိသူများက ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

       ထိုသို့စစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာဝင်းနှင့် မိတ္ထီလာခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းအိလှိုင်တို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ၁၈၆ သန်းဖြင့် မိတ္ထီလာ-သာစည်လမ်းမှ ဂုံကုန်းကျေးရွာသို့ ဆက်သွယ်ထားသည့်လမ်းပေါ်ရှိ အရှည် ပေ ၈၀ ၊ အကျယ် ပေ ၂၀ ရှိ ကွန်ကရစ်တံတား(ဒုတိယပိုင်း) တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

        ဆက်လက်၍ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာဝင်းက သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာ ပြီးစီးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြောင်း သိရသည်။

(၆ဝ၂)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်