မြိတ် ဇူလိုင် ၁၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ သမုတ်ကျေးရွာအုပ်စုနှင့် သစ်ယာဝကျေးရွာအုပ်စုတို့ကို ဆက်သွယ်ထားသည့် မော်စုန်း- သစ်ယာဝ ကျေးရွာချင်းဆက်လမ်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၄၄၃ ဒသမ ၂၅ သန်းဖြင့် မော်စုန်း-သစ်ယာဝ (၂/၇)မိုင်ရှိသည့်အနက် မူလကျောက်လမ်း ပျက်စီး နေသော ၁ မိုင် ၁ ဖာလုံခန့် လမ်းအပိုင်းအား သုံးလက်မအောက် ခွဲကျောက်ဖြင့် အကျယ် ၁၄ ပေ၊ ခြောက်လက်မထု ခင်းကြိတ်ခြင်းနှင့် နှစ်လက်မ အောက်ခွဲကျောက်ဖြင့် အကျယ် ၁၂ ပေ၊ သုံးလက်မထု ခင်းကြိတ်ပြီး ရေပိတ်လွှာ နှစ်ထပ်လောင်း၍ ကတ္တရာ ခင်းခြင်းလုပ်ငန်း ကို ဆောင်ရွက်လျက်ရှိသည်။
မော်စုန်း-သစ်ယာဝလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ဇွန်လမှ စတင်၍ ဆောင်ရွက်နေမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဇူလိုင် ၁၇ ရက်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ခိုင်ထူး(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်