Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လေးမျက်နှာမြို့နယ် ဇီးထောကျေးရွာ ၌ တွင်းနက်တူးဖော်ခြင်းလုပ်ငန်း ရာနှုန်ူပြည့်ဆောင်ရွက်ပြီးစီးမှုစစ်ဆေး


21 Jul,2025

လေးမျက်နှာမြို့နယ် ဇီးထောကျေးရွာ ၌ တွင်းနက်တူးဖော်ခြင်းလုပ်ငန်း ရာနှုန်ူပြည့်ဆောင်ရွက်ပြီးစီးမှုစစ်ဆေး 
 
လေးမျက်နှာ  ဇူလိုင်  ၂၁ 
 
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ခရိုင် လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုငွေလုံး‌ငွေရင်း မူလခွင့်ပြုရန်ပုံငွေကျပ် ၉ ဒသမ ၅ သန်း ဖြင့် ဆောင်ရွက်သည့် ခတ္တူကျေးရွာအုပ်စု၊ ဇီးထောကျေးရွာ၌ တွင်းနက်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကို ဇူလိုင်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။           
 
         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်‌‌မော်သန်းနှင့် ခရိုင်၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာရေပေးရေး ကော်မတီဝင်များနှင့်အတူ တွင်းနက်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို   ကွင်းဆင်းစစ်ဆေးပြီး  ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မော်သန်းက ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းသွားရန်နှင့်  လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။           
 
          ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ လေးမျက်နှာ မြို့နယ်အတွင်း ဇီးထော ကျေးရွာ၌  အနက် ၄၀၀ ပေ၊ အကျယ် ၄ ဒသမ ၅ လက်မရှိ  တွင်းနက်တူးဖော်ခြင်းလုပ်ငန်းကို  ပြည်ထောင်စုငွေလုံး‌ငွေရင်း မူလခွင့်ပြုရန်ပုံငွေကျပ် ၉ ဒသမ ၅ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများက  ယခုနှစ် မေလ  ၁ ရက်နေ့ကစတင်၍  တာဝန်ယူ‌ဆောင်ရွက်လျက်ရှိရာ ယခုအခါ  လုပ်ငန်း ဆောင်ရွက်မှုမှာ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ပါကြောင်း  ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်‌‌မော်သန်းပြောပြ၍   သိရသည်။           
 
ဇင်မာ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်