Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပန်းဘဲတန်းမြို့နယ် တိုးတက်အောင်ဆောက်လုပ်ရေးနှင့် အထွေထွေစီးပွါးရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


21 Jul,2025

ပန်းဘဲတန်း ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် တိုးတက်အောင်ဆောက်လုပ်ရေးနှင့်အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့ သည်။ 

အဆိုပါအခမ်းအနားကို အသင်းဥက္ကဋ္ဌ ဦးတင်မောင်နီမှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး အသင်းများဖွံ့ဖြိုးတိုးတက်စေရန်များကို ရှင်းလင်းပြောကြားခဲ့သည်။  ဆက်လက်၍ အသင်း၏ အမှုဆောင်ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးနှစ် ရှင်းတမ်းများကို ဒါရိုက်တာအဖွဲ့ဝင် ဦးမောင်မောင်ထက်ဝင်းမှ ဖတ်ကြားတင်သွင်းပြီး အသင်းသား တစ်ဦးဖြစ်သူ ဒေါ်သန္တာမှ ထောက်ခံအဆိုပြု၍ အသင်းသားများမှ သဘောတူအတည်ပြုခဲ့သည်။ ထိုနောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဘုန်းမြင့်လှိုင်မှ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများနှင့် အသင်းများဖွံ့ဖြိုးတိုးတက်စေရန်လုပ်ဆောင်ရမည့်အချက်များကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသောအသင်းသားများအား အစုပေါ်အမြတ်များ ခွဲဝေပေးခဲ့ ကြောင်း သိရပါသည်။

ဖြူဖြူဝင်း(ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်