Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်သားမြို့နယ်တွင် မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း‌ပြီး ဝါကောက်ယူနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး


21 Jul,2025

မြစ်သား ဇူလိုင် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်  ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးကြို ဝါစိုက်ပျိုးခြင်းဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်‌စေရန်နှင့် အသင်းသား‌ တောင်သူတစ်ဦးချင်း ဝင်‌ငွေတိုးပွား‌စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစု ချုပ်ပိုင်‌ငွေနှင့် မြို့နယ်သမဝါယမအသင်းစုပိုင်ငွေတို့ဖြင့် စိုက်ပျိုးထားသည့် မြိုင်ကုန်း‌ကျေးရွာရှိ မြိုင်ကုန်းလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူဦးကျော်ခိုင်ဦး၊ အသင်းသားတောင်သူ ဦးထွန်းငွေနှင့် အသင်းသားတောင်သူ ဦးရွှေမန်းတို့ စိုက်ပျိုး ထားသည့် Rakka-999 ခါးဇက်မျိုး မိုးကြိုဝါစိုက်ခင်းများ‌ အောင်မြင်ဖြစ်ထွန်းပြီး ဝါကောက်ယူနေမှု များကို  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာမှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးသည် မြိုင်ကုန်းလယ်ယာနှင့် အထွေထွေစီးပွား‌ရေးလုပ်ငန်းသမဝါယမအသင်းက အသင်းသားတောင်သူ ဦးကျော်ခိုင်ဦး၏ကွင်းအမှတ်( ၅၃၄/င)၊ ဦးပိုင်အမှတ် (၂၈/၁) ရှိ စိုက်ဧက (၃.၀) ဧက၊ အသင်းသားတောင်သူ ဦးထွန်းငွေ၏ ကွင်းအမှတ် (၅၃၄/င)၊ ဦးပိုင်အမှတ်(၁၃)ရှိ စိုက်ဧက(၄.၀) ဧကနှင့် အသင်းသားတောင်သူ ဦးရွှေမန်း၏ ကွင်းအမှတ်(၅၃၄/င)၊ ဦးပိုင်အမှတ် (၂၃/၁)ရှိ စိုက်ဧက(၁၅.၀)ဧကတို့တွင်  Rakka-999 ခါးဇက်မျိုး မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းပြီး ဝါကောက်ယူနေသည်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ မိုးကြိုဝါစိုက်ပျိုး‌သော တောင်သူဦးကြီးများအား ခေတ်မီစိုက်ပျိုးနည်းစနစ် များကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လေ့လာကျင့်သုံး စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်‌ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးမြေများကိုပြုပြင်ပြီး မျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးပေးရန်လိုအပ်ကြောင်း ရေရရှိ‌ရေးနှင့်နည်းပညာရယူနိုင်ရေးကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မိုးကြိုဝါ စိုက်ပျိုးသည့် အသင်းသားတောင်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်‌ပေးခဲ့‌ကြောင်း သိရသည်။

မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း‌ပြီး ဝါကောက်ယူနေမှုများ ကြည့်ရှုစစ်ဆေးရာသို့ မ‌န္တလေးတိုင်း‌ဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး၊ မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများနှင့် ဒေသခံ အသင်းသားတောင်သူများ ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်