Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမဦးစီးဌာနဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ


21 Jul,2025

တောင်ကြီး  ဇူလိုင်   21

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် သမဝါယမဦးစီးဌာနဝန်ထမ်းများငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ 2024-2025 ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းဝေးကို ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သဘာပတိ သမဝါယမဦးစီးဌာနဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ဥက္ကဌ ဒေါ်ဝင်းစိန်မှ အသင်း၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး သမဝါယမဦးစီးဌာန ဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြား ရှင်းလင်းခြင်း၊ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခြင်းနှင့် အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက် ခဲ့ကြပြီး အစည်းအဝေးသို့ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ တောင်ကြီးမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများ၊ တောင်ကြီးမြို့နယ်သမဝါယမအသင်းစုမှ ဥက္ကဌနှင့် အသင်းသား၊ အသင်းသူများ စုစုပေါင်း(98)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်