စစ်ကိုင်း ဇူလိုင် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ကျေးရွာ၊ ဆင်မင်းလယ်ယာနှင့်အထွေ ထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ မိုးစပါးစိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်မည့် အသင်းသား တောင်သူများ၏ မိုးစပါးစိုက်ဧက ၁၅၀ အတွက် မြို့နယ်သမဝါယမဦးစီးဌာနက မြို့နယ်သမဝါယ မအသင်းစု၏ပံ့ပိုးငွေဖြင့် GW-11 မျိုးစပါးတင်း ၁၅၀ နှင့် ယူရီးယားဓာတ်မြေဩဇာအိတ် ၃၀၀ အား ပံ့ပိုးပေးခဲ့သည်။
ထို့ပြင် မိုးစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အချိန်မီထွန်ယက် စိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရထောက်ပံ့ငွေဖြင့် ဆင်မင်းလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမ အသင်းအား ယူရီးယားဓာတ်မြေဩဇာ ၇၅ အိတ်နှင့် စက်သုံးဒီဇယ်ဆီ ၃၇၅ ဂါလံ အား ရောင်းချ ပေးအပ်ခဲ့ပြီး အဆိုပါထောက်ပံ့ငွေမှ ငွေကျပ်သန်း ၁.၆၈ တန်ဘိုးရှိ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)များကို မြို့နယ်သမဝါယမဦးစီးဌာနမှ အသင်းအမှုဆောင်နှင့် အသင်းသားများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းအပြင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက မျိုးကောင်း မျိုးသန့်များ အသုံးပြုရေး၊ ပိုးမွှားကာကွယ်ရေး၊ သဘာဝဓာတ်မြေဩဇာများအသုံးပြုရေး၊ ရေရရှိရေး၊ မြေပြုပြင်ရေးနှင့် လယ်ယာသုံးစက်ကိရိယာများအသုံးပြု၍ ရရှိနိုင်မည့်အကျိုးကျေးဇူး များဟောပြော သည့် ဆွေးနွေးပွဲသို့ အသင်းသားများတက်ရောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်