သာကေတ ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ၃/ရန်ပြေရပ်ကွက်၊ ရွှေမြန်မာ ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ် ဆိုင်ရာအစည်းအဝေးကို ဇူလိုင် ၂၀ ရက် မွန်းလွဲ ၁၂ နာရီခွဲက အဆိုပါမြို့နယ် အမှတ် ၃ /ရန်ပြေ ရပ်ကွက်၊ ရန်ပြေလမ်းမကြီးနှင့် ရန်ပြေ ၂၂ လမ်းထိပ်ရှိ ရွှေမြန်မာရောင်းဝယ်ရေးသမဝါယမ အသင်းပိုင်အဆောက်အဦ၌ကျင်းပရာ သာကေတမြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်သီတာဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌဦးလှကြည်နှင့်တာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ ရွှေမြန်မာရောင်းဝယ်ရေး သမဝါယမအသင်းအလုပ်အမှုဆောင်များ၊ အသင်း သားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရွှေမြန်မာရောင်းဝယ်ရေးသမဝါယမအသင်း ဥက္ကဋ္ဌဦးစံမြိုင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် သာကေတမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဦးက သမဝါယမလုပ်ငန်းဆိုင်ရာများကို ပြောကြားသည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့်ဘဏ္ဍာရေးရှင်းတမ်းကို ရွှေမြန်မာ ရောင်းဝယ်ရေးသမဝါယမအသင်းဒုတိယဥက္ကဋ္ဌ ဦးအေးလှိုင်ကလည်းကောင်း၊ အသင်းသားစာရင်းစစ် အစီရင်ခံစာကို အသင်းသားစာရင်းစစ် ဦးတင်မောင်ရီကလည်းကောင်းဖတ်ကြားပြီး အတည်ပြုချက် များရယူခဲ့သည်။ ထို့နောက် သဘာပတိဦးစံမြိုင်ကနိဂုံးချုပ်စကားပြောကြားခဲ့သည်။ အစည်းအဝေး အပြီးတွင် အသင်းသား ၄၀၂ ဦးအား တစ်ဦးလျှင် အကျိုးဝေစုနှစ်သောင်းကျပ်နှုန်းဖြင့် စုစုပေါင်း (၈၀၄၀၀၀၀)ကျပ်ကို ခွဲဝေပေးခဲ့သည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်