Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Epanet(အီပါနက်) သင်တန်းဖွင့်ပွဲကျင်းပ


22 Jul,2025

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Epanet(အီပါနက်) သင်တန်းဖွင့်ပွဲကျင်းပ

‎*******************************

‎ထားဝယ်      ဇူလိုင်         ၂၂

‎‎သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားတိုးတက်လာစေရန် အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Epanet သင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၁ ရက်နေ့က အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

‎‎ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲခေါင်က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ဌာန၏ လုပ်ငန်းတာဝန်များအနက် ဝန်ထမ်းများ စွမ်းရည်ပြည့်ဝရေးသည် အခြေခံတစ်ခုဖြစ်ကြောင်း၊ မိမိက ပညာပြည့်ဝမှသာလျှင် ပြည်သူအကျိုးပြု လုပ်ငန်းများဆောင်ရွက်ရာ၌ အဆင်ပြေလွယ်ကူမည်ဖြစ်ကြောင်း၊ သင်တန်းကာလပြီးဆုံးသည့်တိုင် စိတ်ပါဝင်စားစွာသင်ယူကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

‎‎ထို့နောက် သင်တန်းနည်းပြဆရာဖြစ်သည့် ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်စိုးစိုးသီက သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များနှင့် သင်တန်းသူ/သားများ လိုက်နာရန် စည်းကမ်းချက် များကို ရှင်းလင်းပြောကြားသည်။

‎‎အဆိုပါသင်တန်းကို ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့ထိ ၅ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ သင်တန်းသား သင်တန်းသူ ၂၆ ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်