ဘီးလင်း ဇူလိုင် ၂ဝ
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် ကဘဲ့အုတ်ဖို- အင်းဗျားလမ်း ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဆွေဆွေနွယ်နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) စီမံကိန်းစစ်ဆေးရေးနှင့်အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ တာဝန်ရှိသူများက ဇူလိုင် ၁၅ ရက်တွင် ကွင်းဆင်းစစ် ဆေးခဲ့သည်။
အဆိုပါ ကဘဲ့အုတ်ဖို-အင်းဗျား ကတ္တရာလမ်း အရှည်မှာ ၁ ဒသမ ၀၀၆ ကီလိုမီတာ၊ အကျယ် ၃ ဒသမ ၆၆ မီတာနှင့် ဒု ၃၇၅ မီလီမီတာ ဖြစ်ပြီး ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း ၂၉၆ ဒသမ ၇၇၀ ဖြင့် ဘီးလင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်