နေပြည်တော် ဇူလိုင် ၂၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု/နေပြည်တော်ကောင်စီ (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကျေးလက်လမ်းတံတားလုပ်ငန်းများအတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ နေပြည်တော်ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင့်၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ(ရုံးချုပ်)၊ တိုင်း၊ ခရိုင်၊ မြို့နယ်တာဝန်ခံများနှင့် တင်ဒါအောင်ကုမ္ပဏီများ တက်ရောက်ပြီး နေပြည်တော်ကောင်စီဝင်က လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီသော လုပ်ငန်းသုံးပစ္စည်းများကို အသုံးပြု၍ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်