Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ် ထုံးတောင်ကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နေမှု စစ်ဆေး


23 Jul,2025

သရက်မြို့နယ် ထုံးတောင်ကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နေမှု စစ်ဆေး

****************************************************************************
သရက် ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ပြည်ထောင်စုရန်ပုံငွေဖြင့် ထုံးတောင်ကျေးရွာအုပ်စု၊ ထုံးတောင် ကျေးရွာ၌ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းနှင့် ဝန်ထမ်းများက ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီဝင်များ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ထုံးတောင်ကျေးရွာ၌ကုန်ထုတ်လမ်းဖောက် လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးကလုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးအလေးထားဆောင်ရွက်ကြရန် မှာကြားသည်။ထုံးတောင်ကျေးရွာ၌ ကုန်ထုတ်လမ်းအရှည် တစ်မိုင်လေးဖာလုံ၊ အကျယ် ၁၂ပေ ၊အမြင့် တစ်ပေ ကိုးလက်မရှိ မြေနီကျောက်စရစ်ခင်းခြင်းနှင့် အဆိုပါလမ်းပေါ်တွင် SlabCulvert (၂)စင်းတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ပြည်ထောင်စုရန်ပုံငွေကျပ် ၁၃၆ ဒသမ ၉သန်းဖြင့် တင်ဒါအောင်မြင်သည့်ရွှေမန်း(မကွေး)ကုမ္ပဏီက ယခုနှစ် ဇွန်လ စတုတ္ထပတ်က စတင်ဆောင်ရွက် ခဲ့ရာ ယခုအခါလုပ်ငန်းများ ၁၅ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ ကုန်ထုတ်လမ်း ပြီးစီးပါကကျေးရွာမှ ထွက်ရှိမည့် ဒေသထွက်ကုန်များ ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်မည်
ဖြစ်ကြောင်း သိရသည်။

ဆက်လူ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်